အမြို့မြို့အနယ်နယ်သတင်းများ

Jul 06,2021
ချင်းပြည်နယ် တီးတိန်မြို့၌ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ​ သံသယလူနာများအား ပြည်သူ့​ဆေးရုံ၌ ယမန်နေ့က ၂၇ ဦး စစ်ဆေးရာ (၅)ဦးတွင် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိကြောင်း သိရသည်။
Jul 06,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုးရှိသူ သုံးဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
Jul 06,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ဇူလိုင်လ(၅)နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာပေါင်း (၈)ဦး ရှိပြီး  ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
Jul 06,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နေပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေး အတွက် ကြိုတင်ကာကွယ်နှိမ်နှင်းရေး (ဖုံး၊ သွန်၊ လဲ၊ စစ်) လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်းများကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ လူနေအိမ်များတွင် စုပေါင်း ဆောင်ရွက်ခဲ့သည်။
Jul 06,2021
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ ဈေးရပ်ကွက်တွင် နေထိုင်သူ အသက်(၃၅)နှစ်ရှိ အမျိုးသမီးတစ်ဦးသည် အနံ့ပျောက်လျက်ရှိကြောင်း သိရှိရသဖြင့် မြို့နယ် ပြည်သူ့ဆေးရုံတွင် ယနေ့ နံနက် ၇ နာရီအချိန်က RDT Test Kit  ဖြင့်စစ်ဆေးခဲ့ရာ Covid-19 (Positive) တွေ့ရှိခဲ့သည်။
Jul 06,2021
ပဲခူးတိုင်း​ဒေသကြီး၊ သဲကုန်းမြို့နယ်အတွင်းရှိ ပိုး​တွေ့လူနာများအား ထားရှိကုသနိုင်ရန်အတွက် မြို့နယ်စည်ပင် သာ​ရေးအဖွဲ့ခန်းမအား ယာယီ​ဆေးရုံအဖြစ် ကြိုတင်ပြင်ခြင်းလုပ်ငန်းကို ယ​မန်နေ့ကမြို့နယ်ကိုဗစ်​-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာ​ရေးအဖွဲ့၊ ကျန်းမာ​ရေးဦးစီးဌာနဝန်ထမ်းများမှ ပူး​ပေါင်း​ဆောင်ရွက်ခဲ့ကြသည်။
Jul 06,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ကိုဗစ်- ၁၉ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask) များ တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော စည်းကမ်းချက်အား လိုက်နာ၍ သွားလာနေထိုင်ကြရန် အသိပညာပေးခြင်း လုပ်ငန်း Mask Campaign ကို ယနေ့နံနက် ၇နာရီက နတ်တလင်းမြို့မဈေးနှင့် လူစည်ကားရာ နေရာများတွင် တတိယအကြိမ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 06,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ (၃.၅၀)ကျပ် သန်းဖြင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်တွင် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။