နတ်တလင်းမြို့တွင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့များမှ တတိယအကြိမ် ကိုဗစ်- ၁၉ အသိပညာပေး Mask Campaign ဆောင်ရွက်

နတ်တလင်း ဇူလိုင် ၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ကိုဗစ်- ၁၉ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask) များ တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော စည်းကမ်းချက်အား လိုက်နာ၍ သွားလာနေထိုင်ကြရန် အသိပညာပေးခြင်း လုပ်ငန်း Mask Campaign ကို ယနေ့နံနက် ၇နာရီက နတ်တလင်းမြို့မဈေးနှင့် လူစည်ကားရာ နေရာများတွင် တတိယအကြိမ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ ဆောင်ရွက်ရာတွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့များ၊ စျေးမိစျေးဖများ၊ မြို့မရပ်ကွက် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ပြန်/ဆက်ဦးစီးဌာနတို့ ပူးပေါင်း၍ စျေးရောင်း၊ စျေးဝယ်ပြည်သူများအား Mask များ အခမဲ့ဖြန့်ဝေပေးခြင်း၊ ကိုဗစ်- ၁၉ရောဂါ ကြိုတင်ကာကွယ်တားဆီးရေး အသိပညာပေးခြင်း၊ နှာခေါင်းစည်း (Mask) များ စနစ်တကျ တပ်ဆင်သွားလာရေးနှင့် နှာခေါင်းစည်းတပ်ဆင်ခြင်း မရှိသူများကို နှာခေါင်းစည်း (Mask) (၅၀၀)ခုကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းနှင့် ယခုလို Mask Campaign ပြုလုပ်ပေးခြင်းဖြင့် ကုသခြင်းထက် ကာကွယ်ခြင်းက ပိုမိုထိရောက်မှုရှိကြောင်း၊ Mask များ စနစ်တကျ တပ်ဆင်ထားခြင်းဖြင့် အလွယ်တကူရောဂါပိုး မကူးစက်နိုင်ကြောင်း၊ ယခုအခါ နတ်တလင်းမြို့နယ်တွင် Mask များ စနစ်တကျတပ်ဆင်ထားခြင်းဖြင့် အလွယ်တကူရောဂါပိုး မကူးစက်နိုင်ကြောင်း၊ ယခုအခါ နတ်တလင်းမြို့နယ်တွင် ကိုဗစ်- ၁၉ရောဂါပိုး တွေ့ရှိသူ ပိုမိုများပြားလာပြီဖြစ်သဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်ကိုလည်း လိုက်နာပြီး စျေးရောင်းချသွားရန် ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှ တပ်ဖွဲ့မှူး ဦးငြိမ်းချမ်းချိုက ပြောကြားခဲ့ကြောင်း သိရသည်။

ထားထားဦး