အမြို့မြို့အနယ်နယ်သတင်းများ

Jul 05,2021
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ဝမ်ပိန်းကျေးရွာအုပ်စု၊ ကုန်းညို့ကျေးရွာတွင် နေထိုင်သူ အသက်(၃၇)နှစ်အရွယ် အမျိုးသား ၁ ဦးသည် အနံ့မရရှိသဖြင့် ယနေ့နေ့လည် ၁၂ နာရီက တပ်မတော် (၈/၁၀၀)စစ်ဆေးရုံသို့လာရောက်ပြသခဲ့ပြီး စစ်ဆေးရုံမှတာဝန်ရှိသူများက RDT Test kit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
Jul 05,2021
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်း ကော်မတီ အရေးပေါ်အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Jul 05,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အုန်းပင်ကျေးရွာအုပ်စု၊ ဆားအိုးချောင်းကျေးရွာနှင့် အထက်သံဒင်း ကျေးရွာတို့တွင် ကိုဗစ်-၁၉ Positive လူနာ(၄)ဦး ယမန်နေ့ ညနေပိုင်းက ထပ်မံတွေ့ရှိခဲ့ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနက သိရသည်။
Jul 05,2021
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ ယမန်နေ့ က ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၉ ဦးထပ်မံတွေ့ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မှ သိရသည်။
Jul 05,2021
၁၈၈၅ ခုနှစ် သီပေါမင်း ပါတော်မူပြီးချိန်ကာလ နယ်ချဲ့အင်္ဂလိပ်တို့ကို ၇ နှစ်တိုင်တိုင် ရွှံ့ရွှံ့ချွန်ချွန်တွန်းလှန် တိုက်ခိုက်ခဲ့သည့် ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်အား ဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ်၊ ဝန်းသို- ကျောက်တန်း မြို့ထွက်လမ်းဘေး၊ မြေအကျယ် တစ်ဧကခွဲကွင်း၌ စော်ဘွားကြီး ဦးအောင်မြတ်ရုပ်ထုသစ်ကို ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လတွင် တည်ထားပြီးစီးခဲ့ပြီးဖြစ်ရာ ရပ်ဝေး ရပ်နီးမှ ပြည်သူများ အပန်းဖြေ လေ့လာဂုဏ်ပြုနိုင်ကြစေရေး အတွက် ရုပ်ထုရင်ပြင်တော်နှင့် ပန်းခြံများကို ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
Jul 05,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့အဝင်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမူမဖြစ်စေရေးနှင့် ကာကွယ်တားဆီးရေးအတွက် ယနေ့နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး စစ်ဆေးရေးဂိတ် တည်ဆောက်လျက်ရှိသည်။
Jul 05,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်တင့်၏ လမ်းညွှန်မှုဖြင့် ဝန်ထမ်းများအဖွဲ့က ယနေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် ဆည်တော်ကျေးရွာ (အ.ထ.က - ခွဲ) ကျောင်းသို့ သွားရောက်ပြီး ပန်းခင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများကို အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။