Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရွှေပြည်သာမြို့နယ် တွင်ကိုဗစ် -၁၉ ရောဂါ အတည်ပြုလူနာ (၇၄)ဦး တွေ့ရှိ
Jul 06,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ဇူလိုင် (၅)ရက်နေ့ထိ ကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့လူနာ (၇၄) ဦးရှိပြီဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ တစ်ဦးသေဆုံး
Jul 06,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည့် နောင်ပိန်ကျေးရွာအုပ်စုမှ အသက် ၉၄ နှစ်ရှိ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ အမျိုးသမီးတစ်ဦးသည် ယမန်နေ့ နံနက်ပိုင်းက သေဆုံးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Mask Campaign နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအရှိန်အဟုန်မြှင့် ဆောင်ရွက်ပေး လျက်ရှိ
Jul 06,2021
ကိုဗစ် -၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်၊ ကံ့ကော်လမ်း ရှိ အမှတ်(၂၅ ) အခြေခံပညာ မူလတန်းကျောင်းတွင် ယနေ့နံနက်( ၈) နာရီ အချိန်က ရွေပြည်သာမြို့နယ် ကြက်ခြေနီသူနာပြု တပ်ဖွဲ့ ဒုတိယမြို့နယ်တပ်ဖွဲ့မှူး ဒေါ်ခိုင်ခိုင်ယုနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများ အား Mask Campaign ကို ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေပြည်သာမြို့နယ်တွင် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်
Jul 06,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမြတ်မြတ်နှင်းနှင့် ဝန်ထမ်းများက မြို့နယ်တွင်းရှိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား လစဉ်ပုံမှန် ကာကွယ် ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယမန်နေ့နံနက် ၈ နာရီက မြို့နယ် ပြည်သူ့ဆေးရုံ၊ လှော်ကားကျန်းမာရေးဌာနနှင့် ဒေသန္တရ ဆေးခန်းများတွင် စတင်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jul 06,2021
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဇူလိုင် ၅ ရက် မွန်းလွဲ ၂ နာရီက ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၈/၂၀၂၁) အား Online Zoom Meeting System ဖြင့် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သန်လျင်၌ ကျေးလက်ဒေသ စိမ်းလန်းစိုပြေရေး မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jul 05,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ကျေးလက်ဒေသ စိမ်းလန်းစိုပြေရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ နန်းမြို့တော်ကုမ္ပဏီနှင့် ကျေးရွာသူ၊ ကျေးရွာသားများ ပူးပေါင်း၍ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၇ နာရီခွဲက သန်လျင်မြို့ သူဌေးကွင်းကျေးရွာ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တံခါးမြို့နယ်တွင် အချုပ်သား(၇)ဦး အပါအဝင် ပိုးတွေ့လူနာအသစ်(၇၆)ရှိ
Jul 05,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ဇူလိုင်လ၄ရက်နေ့ ညနေ၆နာရီအထိ ပိုးတွေ့လူနာအချုပ်သား (၇)ဦး အပါအဝင် လူနာအသစ်(၇၆)ဦးရှိကြောင်း သိရသည်။ ဇွန်လ(၂၅) ရက်နေ့မှစ၍ ယနေ့အထိ ကိုဗစ်ပိုး တွေ့ရှိသူ(၁၃၈)ဦးရှိပြီဖြစ်ကြောင်း သိရသည်။ ၎င်းတို့နှင့် ထိတွေ့ ခဲ့သူများအား ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအဖြစ် ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်ပိုးရှိ/မရှိ ဆက်လက်စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်လေးပင်မြို့ရှိ စားသောက်ဆိုင်များတွင် ကျန်းမာရေးညွန်ကြားချက်များနှင့်အညီ ပါဆယ်စနစ်ဖြင့် ရောင်းချရေး အသိပညာပေးဆောင်ရွက်
Jul 05,2021
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့တွင် ကိုဗစ်(၁၉)ရောဂါပိုး ကူးစက်မှုများ ရှိလာမှုကြောင့် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များအား ကိုဗစ်(၁၉) ရောဂါ ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချနိုင်ရေး အတွက် မြို့နယ်ကိုဗစ်(၁၉)ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီနှင့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့ သည် ယမန်နေ့ ညနေ ၄ နာရီအချိန်က ကွင်းဆင်းစစ်ဆေးကာ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26266
Page
26267
Page
26268
Page
26269
Current page
26270
Page
26271
Page
26272
Page
26273
Page
26274
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department