အမြို့မြို့အနယ်နယ်သတင်းများ

Jul 06,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့အတွင်း၌ ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင် များနှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ပါဆယ်စနစ်ဖြင့် ရောင်းချရန် ရွှေတောင်မြို့ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီက ယနေ့ နံနက် ပိုင်းက လိုက်လံအသိပညာပေးခြင်း ဆောင်ရွက်ခဲ့သည်။
Jul 06,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ကာလအတွင်း ဇွန်လ ၃၀ ရက် နေ့မှစ၍ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများ စတင်တွေ့ရှိခဲ့ပြီး ဇူလိုင် ၅ ရက်(ယမန်နေ့)တွင်လည်း (၅)ဦး ထပ်မံစစ်ဆေးတွေ့ရှိခဲ့ရာ ယခုအချိန်ထိ ရောဂါပိုးတွေ့ရှိသူ (၁၂)ဦးရှိပြီဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။
Jul 06,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် ဇူလိုင် ၄ ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါ ပိုး စစ်ဆေး တွေ့ရှိသူပေါင်း(၁၇၄)ဦးရှိခဲ့ပြီး ဇူလိုင် ၅ ရက်နေ့တွင် ၁၂ ဦး ထပ်မံ စစ်ဆေးတွေ့ရှိသဖြင့် ရောဂါပိုးစစ်ဆေးတွေ့ရှိ အတည်ပြုလူနာ စုစုပေါင်း ၁၈၆ ဦးအထိ ရှိလာပြီဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
Jul 06,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေး အတွက် ပြည်သူများ သိရှိလိုက်နာရမည့်အချက်များ၊ ဆောင်ရန်/ ရှောင်ရန်များအား ယမန်နေ့ ညနေ့ ၃ နာရီ အချိန်က ပဲခူးမြို့နယ်အတွင်းသို့ လိုက်လံ ကြေညာ ပေးလျက်ရှိကြောင်း သိရသည်။
Jul 06,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု မြင့်တက်လျက်ရှိရာ ယမန်နေ့ ည ၁၁ နာရီအချိန်ထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ(၁၀၃)ဦးထိ ရှိနေပြီဖြစ်ကြောင်း မြို့နယ် ဆရာဝန်ကြီး၏ သတင်းထုတ်ပြန်ချက်အရ သိရ သည်။
Jul 06,2021
ကရင်ပြည်နယ် ဘားအံခရိုင်၊ ဘားအံမြို့နယ်ရှိ ပြည်သူများအား  ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာရာတွင် နှာခေါင်းစည်း (Mask) တပ်ဆင်ရေးအတွက် အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေး လုပ်ငန်းများကို ယနေ့နံနက် (၈)အချိန်က ဘားအံမြို့အမှတ်(၂)ရပ်ကွက်ရှိ အမှတ်(၁)အဆင့်မြင့် စံပြဈေးတွင် ဆောင်ရွက်ခဲ့ပြီး ညနေပိုင်းတွင် သေဌမာန်အောင်ဘုရားကြီးရှေ့၌ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
Jul 06,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခိုင်ရွှေဝါ နှင့် ကဝမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကဝမြို့နယ် အင်းဝကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်မှုအခြေအနေ၊ စာရင်းဇယားများရေးသွင်းမှု၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း အတိုးရငွေဖြင့် ဆောင်ရွက်ပြီးစီး ခဲ့သည့် ကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်းတို့အား ယမန်နေ့ နံနက်(၁၀)နာရီတွင် သွားရောက်စစ်ဆေးခဲ့သည်။
Jul 06,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမထိုးနှံရသေးသည့် နိုင်ငံ့ဝန်ထမ်းမျာအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယ အကြိမ်ထိုးနှံခြင်းကို ယနေ့ နံနက်၉နာရီခွဲအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် စတင်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။