အမြို့မြို့အနယ်နယ်သတင်းများ

Jul 06,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်းအား လူမှုဝန်ထမ်းဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Jul 06,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ယမန်နေ့အထိ ပိုးတွေ့လူနာ အသစ်(၁၀၆)ဦးရှိပြီး ဇွန်လ ၇ ရက်နေ့မှစ၍ ယမန်နေ့အထိ ကိုဗစ်ပိုး တွေ့ရှိသူ (၉၂၇) ဦးရှိပြီး ပိုးတွေ့ နှုန်းမြင့်တက်လျက်ရှိကြောင်း သိရ သည်။ ၎င်းတို့နှင့် ထိတွေ့ခဲ့သူများအား ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအဖြစ် ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်ပိုးရှိ/မရှိ ဆက်လက်စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Jul 06,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ ပေါင်းတည်မြို့နယ်ရှိ ရေသန့်စက်ရုံများ၊ ဆန်စက်များနှင့် ဧည့်ရိပ်သာ များအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန် ကြီးဌာန၏ ထုတ်ပြန်ထားသော သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိ အသိပ ညာပေးစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ လူမှုဖူလုံရေးဦးစီးဌာန၊ ပြန်/ဆက်ဦးစီးဌာန၊ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ မြို့တွင်းလှည့်လည်စိစစ်ရေးကော်မတီမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 06,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မြင့်တက် လျက်ရှိရာ ယမန်နေ့ထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ (၁၀၂) ဦးထိရှိပြီဖြစ်ကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။
Jul 06,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ(၄)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာန၏ ယမန်နေ့ ညနေ ထုတ်ပြန်ချက်အရ သိရသည်။
Jul 06,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်စေရေးနှင့်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Mask အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးခြင်းကို ယနေ့နံနက် (၇)နာရီက မြို့မဈေးရှေ့နှင့် ဈေးအတွင်း၌ဆောင်ရွက်ခဲ့သည်။
Jul 06,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေရှိလာသဖြင့် ရောဂါကူးစက်မှု မပြန့်ပွားစေရေးနှင့် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် သား၊ ငါးနှင့် ကုန်စိမ်းသည်များအား ယနေ့ နံနက်ပိုင်းမှစတင်၍ ယာယီဈေး သို့ ပြောင်းရွှေ့ဖွင့်လှစ်ရောင်းချစေခဲ့ကြောင်း သိရသည်။
Jul 06,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကျန်းမာရေးဌာနနှင့် ရပ်ကွက်၊ ကျေးရွာလူငယ် အဖွဲ့အစည်းများ၊ Volunteer အဖွဲ့များပူးပေါင်းပြီး မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ သံသယဖြစ်သူများအား RDT(Test Kit) ဖြင့် စစ်ဆေး ခြင်းတို့ကို ယမန်နေ့၌ ဆောင်ရွက်ခဲ့ရာ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ(၈၇)ဦး ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။