ပင်းတယ ဇူလိုင် ၉
လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကူးစက်မှုနှုန်းတတိယလှိုင်းအဖြစ် အသွင်ပြောင်းလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ပင်းတယမြို့ ယာယီဈေးနှင့် မြို့မဈေးအတွင်း၌ ယနေ့နံနက် ၁၀ နာရီအချိန် က မြို့နယ်အုပ်ချုပ်းရေးမှူးနှင့် တာဝန်ရှိသူများတို့က Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ Mask Campaign ပြုလုပ်ခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးလွင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ ဥက္ကဋ္ဌ ဒေါ်ထိုက်စုကြည်နှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးအသင်းဝင်များ၊ စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ ဦးစည်သူဝင်းနှင့် ဝန်ထမ်းများတို့က ဈေးအတွင်း ဈေးသည်နှင့် ဈေးဝယ်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် နည်းလမ်းများအတိုင်း မဖြစ်မနေ စနစ်တကျတပ်ဆင်ကြရန် ရှင်းလင်းပြောကြားပြီး နှာခေါင်းစည်းများကို အခမဲ့ ပေးဝေခဲ့ကြကြောင်း သိရသည်။
ပင်းတယ (ပြန်/ဆက်)