သဲကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၁၄) ဦး ထပ်မံ တွေ့ရှိခဲ့၍ စုစုပေါင်းအတည်ပြု လူနာ(၄၄)ဦး ထိရှိလာ

သဲကုန်း ဇူလိုင် ၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၁၄) ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
 
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ထပ်တိုးလူနာများသည် သဲကုန်းမြို့နယ် လဝကရုံးမှ (၁)ဦး၊ သီရိရတနာ ရပ်ကွက်၊ အင်းမမြို့မှ(၁)ဦး၊ ရုံးကုန်းလေးရွာ၊ လက်ပံလုံးလ အုပ်စုမှ (၁)ဦး၊ သစ်နီတောကျေးရွာ အုပ်စုမှ(၁)ဦး၊ ကြခတ်တန်းရွာ၊ မိုးတိမ်ပြင် အုပ်စုမှ(၁)ဦး၊ သီရိကန်သာရပ်ကွက်၊ အင်းမမြို့မှ(၂)ဦး၊ ရွာသာယာလေးရွာ၊ ကြပ်နားအုပ်စုမှ(၁)ဦး၊ ချမ်းမြေ့သာယာရပ်ကွက်၊ ပုတီးကုန်းမြို့မှ(၅)ဦး၊ ရွာသာကုန်းရွာ၊ ချားလျားကုန်းအုပ်စုမှ(၁)ဦး စုစုပေါင်း(၁၄)ဦး တွေ့ရှိခဲ့ပြီး ပိုးတွေ့လူနာများအား မြို့နယ်ခန်းမ ယာယီဆေးရုံ တိုးချဲ့လူနာ ဆောင်တွင် ထားရှိ၍ ကျန်းမာရေးစောင့်ရှောက်ကုသမှုများ ဆောင်ရွက်ပေးလျက် ရှိကြောင်းနှင့် ပိုးတွေ့လူနာများဖြင့် ထိတွေ့ဆက်စပ် မိသူများကိုလည်း သက်ဆိုင် ရာ FQC များတွင် အသွားအလာကန့်သတ်စောင့်ကြည့်နိုင်စေရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
 
သဲကုန်းမြို့နယ်တွင် ဇူလိုင်လ ၈ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့လူနာ ပေါင်း(၄၄)ဦး ရှိလာပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကာကွယ်ရေး လုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ပရဟိတအသင်းများနှင့် တာဝန်ရှိ သူများ ပူးပေါင်းကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
 
နိုင်လင်း