နမ့်စန်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ၁၀ ဦး စစ်ဆေးတွေ့ရှိ

နမ့်စန်() ဇူလိူင်

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံတွင် မန်နေ့နံနက်ပိုင်းမှ ညနေ ၆နာရီအထိ RDT Test kit စစ်ဆေးမှုအရ အမျိုးသမီး ဦးနှင့် အမျိုးသား ဦး စုစုပေါင်း ၁၀ ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရသည်။

ပြည်သူ့ဆေးရုံတွင် ဇူလိုင်လ ၈ ရက်နေ့၌ သံသယလူနာ ၇၃ ဦးကို RDT Test kit ဖြင့် စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သူများမှာ ဆေးရုံသို့ ကျန်းမာရေးရေးမကောင်း၍ လာပြသည့် မက်မွန်မုန်း ကျေးရွာအုပ်စု၊ အမှတ်()ကျေးရွာနေ အမျိုးသမီး ဦး အပါအဝင် နမ့်လစ်ကျေးရွာအုပ်စု၊ ခါနာန်ကျေးရွာ မှ ပိုးတွေ့လူနာ ၂ဦး နှင့် ထိတွေ့မှု ရှိခဲ့သူများထဲမှ အမျိုးသမီး ဦးနှင့် ၊အမျိုးသား၄ ဦး လားရှိုးမြို့မှပြန်လာသည့် အမှတ်() ရပ်ကွက် နေ အမျိုးသား ဦး၊ မြစ်ကြီးနားမြို့မှ ပြန်လာသည့် နမ့်လစ်ကျေးရွာအုပ်စု ၊ ခါနာန်ကျေးရွာနေ အမျိုးသမီး ၁ ဦး ၊ စုစုပေါင်း ၁၀ ဦး ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနထံမှသိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာ ၁၀ ဦးကို မြို့နယ်ပြည်သူ့ဆေးရုံရှိ သီးသန့်ဆောင်တွင် ထားရှိကုသပေးလျက်ရှိပြီး ၎င်းတို့နှင့်ထိတွေ့မှုရှိခဲ့သူများကို အသွားအလာကန့်သတ်ထားရှိနိုင်ရေး အတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ တာဝန်ရှိသူများ က ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်