Quarantine Center များကို ကြီးကြပ်ထောက်ပံ့ရေးအဖွဲ့များဖြင့် နေ့စဉ် ကွင်းဆင်းစစ်ဆေး

မိုင်းကိုင်  ဇူလိုင်   ၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၌ Community Based Facility Quarantine Center များအဖြစ်  မြို့နယ်ခန်းမ၊ မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၊ မိုင်းကိုင်တည်းခိုခန်း(၂) တို့ တွင်  သတ်မှတ်ထားရှိပြီး  ရပ်ဝေးမှပြန်လည် ရောက်ရှိလာသူများ၊ သံသယဖြစ်သူများကို  ထိန်းသိမ်း စောင့်ကြည့်နိုင်ရန်အတွက်  ဖွင့်လှစ်ထားရှိပြီး လုပ်ငန်းများ ထိရောက်အောင်မြင်စေရေးအတွက်  ကြီးကြပ်ထောက်ပံ့ရေးအဖွဲ့များဖြင့် နေ့စဉ်ကွင်းဆင်း  စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

ကွင်းဆင်းစစ်ဆေးမှုနှင့် ပတ်သက်၍ ယမန်နေ့ညနေက ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦး စီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းလှိုင်လှိုင်ဦး  ခေါင်းဆောင်သော အမျိုးသမီးဌာနဆိုင်ရာအဖွဲ့သည်  အမျိုးသမီးများအတွက် သီးသန့်ထားရှိသော မိခင်နှင့်ကလေး Quarantine Center သို့ သွားရောက် ခဲ့ပြီး Quarantine ဝင်ရောက်နေသူများ လိုက်နာရမည့် စည်းကမ်းများကို ရှင်းလင်းပြောပြခြင်း၊ ရေရရှိမှုအခြေအနေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေး ဆောင်ရွက်ထားရှိမှု၊ Quarantine Center တာဝန်ကျပုဂ္ဂိုလ်များအတွက်  အစားအသောက်ထောက်ပံ့ရေး၊ သတင်းပေးပို့မှုစနစ်များဖြင့် ဆက်သွယ်ဆောင်ရွက် နိုင်ရန်တို့ကို  ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး  လိုအပ်ချက်များအတွက်  မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ် ကာကွယ်ကုသရေးကော်မတီသို့ ဆက်လက်တင်ပြနိုင်ရေး  စီစဉ်ဆောင်ရွက်ခဲ့ ကြကြောင်း  သိရသည်။

မြို့နယ်(ပြန်/ဆက်)