ပန်းတောင်း ဇူလိုင် ၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဇရပ်လှ အ.ထ.က(ခွဲ) Quarantine Centre တွင် ထားရှိသူများကို ယမန်နေ့ နေ့လယ်ပိုင်းက အစားအသောက်များ လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးအောင်သူရက Quarantine Centre တွင် ထားရှိသူများကို အားပေးနှစ် သိမ့်ပြောဆိုပြီး၊ အစားအသောက်များ လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးအောင်သူရနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဗိုလ်မှူးကျော်ညီတို့သည် ဇရပ်လှ အ.ထ.က.(ခွဲ) Quarantine Centre တွင် ထားရှိသူများကို ဆန်/ကြက်ဥ ကုလားပဲ/ငါးသေတ္တာဗူးများကို ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်ထံသို့ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။