ပန်းတောင်းမြို့နယ်အတွင်းရှိ စျေးများအားလုံးနှင့် ရပ်ကွက်အတွင်းရှိ စျေးဆိုင်များ ယာယီပိတ်ထား

ပန်းတောင်း ဇူလိုင် ၉

ပန်းတောင်း‌မြို့နယ်အတွင်းရှိ ဈေးများ၊ အားလုံးနှင့် ရပ်ကွက်အတွင်းရှိ စျေးဆိုင်များ အားလုံးကို  ယနေ့နံက်ပိုင်းမှစ၍ ယာယီပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက်​ နေ့စဉ်မရှိမဖြစ် လိုအပ်သော စားသောက်ကုန်ပစ္စည်းများ (ဆေးပစ္စည်း/ အသားငါး/အသီးအရွက်) တို့မှလွဲ၍ ကျန်လူသုံးကုန်ပစ္စည်းဆိုင်များ ယာယီပိတ်ထားရန် ဖြစ်ကြောင်း သိရသည်။

စားသောက်ကုန်ပစ္စည်းများကို နံနက် ၆:၀၀ နာရီမှ နံနက် ၁၀:၀၀ နာရီထိသာ ရောင်းချရန် ဖြစ်ကြောင်း၊ ရပ်ကွက်အတွင်းရှိ ဆေးဆိုင်သည် နံနက် ၆.၀၀ နာရီမှ နေ့လယ် ၂.၀၀ နာရီထိသာ ရောင်းချသွားရန်နှင့် ကျန်လူသုံးကုန်ပစ္စည်းဆိုင်များ ယာယီပိတ်ထားရမည် ဖြစ်ကြောင်း သိရသည်။