မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာ(၃)ဦး ထပ်မံတွေ့ရှိ

မဘိမ်း   ဇူလိုင်  ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် Quarantine Center (၂)နေရာ၌ Facility Quarantine ထားရှိသူများအား ယမန်နေ့က RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ(၅)ဦး ထပ်မံစစ်ဆေးတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။  

မဘိမ်းမြို့တွင် ငါးအိုးကျေးရွာရှိ ကျေးရွာဘက်စုံသုံးခန်းမတွင် Facility Quarantine ထားရှိ သူ(၁၃) ဦးနှင့် ကွန်းချောင်းကျေးရွာတွင် Facility Quarantine ထားရှိသူ(၂)ဦးတို့အား မြို့နယ်ပြည် သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Test Kit ဖြင့်စစ်ဆေးခဲ့ ရာ ငါးအိုးကျေးရွာဘက်စုံသုံးခန်းမ Quarantine Center မှ အသက်(၄၈)နှစ်အရွယ် အမျိုးသားတစ် ဦး၊ အသက်(၂၃)နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက်(၁)နှစ်အရွယ်ကလေးငယ်တစ်ဦး၊ ကွန်း ချောင်းကျေးရွာရှိ Quarantine Center မှ အသက်(၄၉)နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက်(၅၁) အရွယ် အမျိုးသမီးတစ်ဦး၊ စုစုပေါင်းအမျိုးသား(၃)ဦးနှင့် အမျိုးသမီး(၂)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုး(Positive)တွေ့ရှိခဲ့ပြီး ၄င်းပိုးတွေ့လူနာများအား မြို့နယ်ပြည်သူ့ဆေးရုံရှိ (Quarantine Centre) နှင့် ငါးအိုးတိုက်နယ်ဆေးရုံရှိ (Quarantine Centre)တို့၌ သီးသန့်ထားရှိပြီး ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

မဘိမ်းမြို့နယ်တွင် ဇူလိုင်လ ၈ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ ပေါင်း (၁၃)ဦးအထိရှိလာပြီဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အ ရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။    

မျိုးမင်း (ပြန်/ဆက်)