Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပင်လုံမြို့တွင် အမျိုးသားတစ်ဦးနှင့် ဦးဇင်းတစ်ပါးထံ၌ ကိုဗစ်-၁၉ ရောဂါပိုးထပ်မံစစ်ဆေးတွေ့ရှိ
Jul 13,2021
ပင်လုံမြို့၊ ရပ်ကွက်(၄)တွင် နေထိုင်သူ အမျိုးသားတစ်ဦးသည် ယမန်နေ့မှ စတင်အနံ့မရသဖြင့် ယနေ့နံနက်ပိုင်းက ပင်လုံမြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်ပြသခဲ့ရာ တာဝန်ရှိသူများက အဆိုပါ အမျိုးသားတွင် ကိုဗစ်-၁၉ ရောဂါလက္ခဏာများတွေ့ရှိရသဖြင့် RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစိမ်းရောင်ကျေးရွာစီမံကိန်းမှ ဆဋ္ဌမအကြိမ် ချေးငွေထုတ်ပေး
Jul 13,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အုတ်ဖို(မြောက်) မြစိမ်းရောင်ကျေးရွာ စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဆဋ္ဌမအကြိမ်မြောက် ထုတ်ချေးပေး မှုကို မြို့နယ်ဦးစီးမှူး ဒေါ်စုနွယ်ဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ကော်မတီဝင်များက ယမန်နေ့ မွန်းလွဲပိုင်းက ကျေးရွာကော်မတီဥက္ကဋ္ဌ နေအိမ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နောင်တရားမြို့၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ တစ်ဦးထပ်မံတွေ့ရှိ
Jul 13,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၌ ယမန်နေ့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာတစ်ဦး ထပ်မံတွေ့ရှိကြောင်း နောင်တရားမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ တစ်ဦးသေဆုံး
Jul 13,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ တုံခမ်းရပ်ကွက်၊ နယ်မြေ(၃)တွင် နေထိုင်သော အသက်(၈၂)အရွယ် အမျိုးသမီးတစ်ဦးသည် ယမန်နေ့ နံနက်(၁၀) အချိန်က ကိုဗစ်-၁၉ရောဂါဖြင့် သေဆုံးကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်မြို့နယ်ရှိ မြို့မဈေးနှင့် ဈေးပတ်လည်ရှိ ဆိုင်ခန်းများအား ယာယီ (၁၄)ရက် ခေတ္တပိတ်ထား
Jul 13,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် စည်ပင်သာယာဈေးအဖွဲ့ ပိုင်ဈေး(၁) ရပ်ကွက်ရှိ မြို့မဈေးအား ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် နံနက် ၇ နာရီမှ နေ့လယ် ၂ နာရီအထိ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့် အညီ ဖွင့်လှစ်ရောင်းချခွင့်ပြုခဲ့ သော်လည်း မြို့မဈေးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ တွေ့ရှိသည့် အတွက် မြို့မဈေးနှင့် ဈေးပတ်လည်ရှိ ဆိုင်ခန်းများအား ဇူလိုင်လ ၁၂ ရက်နေ့မှ ၂၅ ရက်နေ့အထိ ယာယီ (၁၄)ရက် ခေတ္တပိတ်ထားကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်မြို့နယ် Quarantine Centre များသို့ Mask များ၊ Hand Gel များနှင့် PPE ဝတ်စုံများ လှူဒါန်း
Jul 13,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်းရှိ Quarantine Centre (၄)ခုတွင် ထားရှိသော ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိလူနာများ၊ ရောဂါပိုး ထိတွေ့ ဆက်စပ်သူများနှင့် တာဝန်ပေးထားသော Volunteer များအား ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် Mask များ၊ Hand Gel များနှင့် PPE ဝတ်စုံများကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် တာဝန်ရှိသူများက သွားရောက်လှူဒါန်း ပေးအပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများနှင့် ထိတွေ့ခဲ့သူများ စနစ်တကျထားရှိနိုင်ရန် Quarantine Centre ပြင်ဆင်ခြင်းများ ပြုလုပ်
Jul 13,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုမှ ကာကွယ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ များနှင့် ထိတွေ့ခဲ့သူများအား စနစ်တကျထားရှိနိုင်ရန် Quarantine Centre ပြင်ဆင်ခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်းကာ ပေါင်းတည် မြို့နယ်၊ ဈေး(၁) ရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းရှိ မြို့နယ် အားကစားခန်းမအား သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ အိပ်ယာကုတင်များ ပြင်ဆင် ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jul 13,2021
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာ အစည်း အဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီ က ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၁၀/၂၀၂၁) အား Zoom Meeting ဖြင့် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26147
Page
26148
Page
26149
Page
26150
Current page
26151
Page
26152
Page
26153
Page
26154
Page
26155
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department