ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ တစ်ဦးသေဆုံး

ဟိုပုံး ဇူလိုင် ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ တုံခမ်းရပ်ကွက်၊ နယ်မြေ(၃)တွင် နေထိုင်သော အသက်(၈၂)အရွယ် အမျိုးသမီးတစ်ဦးသည် ယမန်နေ့ နံနက်(၁၀) အချိန်က ကိုဗစ်-၁၉ရောဂါဖြင့် သေဆုံးကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ အသက်(၈၂)အရွယ် အမျိုးသမီးသည် ရေချိုးပြီးကိုယ်လက် ကိုက်ခဲလာသဖြင့် ဇူလိုင်လ (၉)ရက်နေ့ မွန်းလွဲ(၁)နာရီခွဲအချိန်က တောင်ကြီးမြို့၊ အစိုးရအဖွဲ့ရုံးဟောင်းအတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးရေး Center တွင် သွားရောက်စစ်ဆေးခဲ့ရာတွင် Covid-19 ရောဂါ positive တွေ့ရှိ သဖြင့် စဝ်စံထွန်းဆေးရုံလူနာယာဉ်ဖြင့်ခေါ်ဆောင်၍ စဝ်စံထွန်းဆေးရုံကြီး၏ Covid Isolation Ward သီးသန့်ကြပ်မတ်ဆောင်တွင် ကုသလျက်ရှိရာ ယမန်နေ့နံနက်(၁၀)နာရီ အချိန်တွင် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံတွင် ကိုဗစ်-၁၉ရောဂါဖြင့်သေဆုံးသွားကြောင်း သိရသည်။