အမြို့မြို့အနယ်နယ်သတင်းများ

Jul 12,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ ကုတင် ၂၀၀ဆံ့ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေသော ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာနှစ်ဦး ကျန်းမာရေးကောင်းမွန်သဖြင့် ယနေ့ မွန်းလွဲ ၂နာရီခွဲအချိန်က ဆေးရုံဆင်း ခွင့်ပြုခဲ့ကြာင်း ညောင်ဦးခရိုင် ၊ခရိုင်ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်မြင့်ထွန်းထံက သိရသည်။
Jul 12,2021
ကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ အတည်ပြုလူနာ ( ၁၄၁ ) ဦး ရှိပြီ ဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
Jul 12,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်တွင် ကိုဗစ် -၁၉ ရောဂါ ကူးစက်ခံရသူ ယမန်နေ့အထိ အတည်ပြုလူနာ ကျား (၁၀၃)၊ မ (၁၁၀)ဦး၊ စုစုပေါင်း(၂၁၃)ဦးရှိပြီးဖြစ်ကြောင်း ဘားအံမြို့နယ် ကိုဗစ် - ၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီထံမှ သိရှိရသည်။
Jul 12,2021
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါရောဂါထိန်းချုပ်ကာကွယ် နိုင်ရေးနှင့် ရောဂါကူးစက်မှုများ ဆက်လက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များ လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၁ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေစခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jul 12,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ တိုက်နယ်ဆေးရုံတွင် ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ် က ကိုဗစ်-၁၉ သံယရှိသူ ၁၂ ဦးကို RDT ဖြင့် စစ်ဆေးရာ ၁၀ ဦးတွင် ရောဂါပိုးတွေ့ရှိကြောင်း သိရသည်။
Jul 12,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှု  ကြိုတင်ကာကွယ် ထိန်းချုပ်ရေး၊ ပြည်သူများအပြင်သွားရာတွင် နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်ရေးအတွက် ရည်ရွယ်၍MASK CAMPAIGN ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက လူစည်ကားရာ နေရာများ တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။