ပေါင်းတည် ဇူလိုင် ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်းရှိ Quarantine Centre (၄)ခုတွင် ထားရှိသော ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိလူနာများ၊ ရောဂါပိုး ထိတွေ့ ဆက်စပ်သူများနှင့် တာဝန်ပေးထားသော Volunteer များအား ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် Mask များ၊ Hand Gel များနှင့် PPE ဝတ်စုံများကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် တာဝန်ရှိသူများက သွားရောက်လှူဒါန်း ပေးအပ်ခဲ့ကြသည်။
ထိုသို့ သွားရောက်လှူဒါန်းပေးအပ်ရာတွင် Mask (၉၈)ဘူး၊ PPE ဝတ်စုံ(၈၀)၊ Hand Gel (၇၂)ဘူးအား Quarantine Center အလိုက် သွားရောက် လှူဒါန်း ပေးအပ်ခဲ့ကြောင်း သိရသည်။
ချစ်နှင်းသုန်