အမြို့မြို့အနယ်နယ်သတင်းများ

Jul 13,2021
ကရင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီခန့် က ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
Jul 13,2021
ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ဆက်လက်ဖြစ်ပွားနေမှုအခြေအနေကြောင့် ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင်လည်း ဇွန်လ(၂၈)ရက်နေ့မှစတင်ကာယနေ့ ဇူလိုင် (၁၃)ရက် နေ့အထိ ရောဂါပိုးတွေ့ရှိသူ အတည်ပြုလူနာ(၄၁)ဦး ရှိကြောင်းသိရသည်။
Jul 13,2021
လားရှိုးမြို့၌ ကိုဗစ်-၁၉ အတည်ပြုလူနာများကို လားရှိုးပြည်သူ့ဆေးရုံကြီး စောင့်ကြည့်ကုသရေး ဆောင်၊ ပြည်ထောင်စုအားကစားကွင်းမိုးလုံလေလုံခန်းမ၊ ပညာရေးကောလိပ်စောင့်ကြည့်ဆောင်နှင့် မိုးကုတ် ဝိပသနာစခန်းတို့တွင် စောင့်ကြည့်ကုသလျက်ရှိသည်။
Jul 13,2021
မကွေးတိုင်းဒေသကြီး ၊ မြို့သစ်မြို့၌ စာသင်ကျောင်းသား ၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာ စာသင်ကြားနိုင်စေရန်အတွက် မြို့သစ်မြို့ မြို့မအလယ်တန်း ကျောင်းခွဲ ကျောင်းမြေနေရာတွင် (၉၀' × ၃၀' ) RCC (၂)ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်လျက်ရှိရာ အပေါ်ထပ်တွင် စတင်ဆလပ် လောင်းခြင်းများကို မြို့နယ်စီမံကောင်စီအဖွဲ့ဝင် ဦးမိုးဇော်နှင့်မြို့နယ် စည်ပင်(SAE) ဦးဘိုဌေးနှင့်အ ဖွဲ့က ဆလပ်လောင်းနေမှုအား ယနေ့နံက်ပိုင်းက သွားရောက်ကြည့်ရှု့စစ်ဆေးလျက်ရှိသည်။
Jul 13,2021
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံတွင် ယမန်နေ့ နံနက် ပိုင်း မှ ညနေ ၆နာရီအထိ RDT Test kit စစ်ဆေးမှုအရ အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၁ ဦး စုစုပေါင်း ၃ ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရသည်။
Jul 13,2021
COVID-19 ကူးစက်ရောဂါ တတိယကာလအတွင်း ရောဂါမကူးစက်စေရန်နှင့် Mask အသုံးပြုသည့် အလေ့အထများ ရရှိလာစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့၌ Mask Campaign ကို ယနေ့နံနက် ၆နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။
Jul 13,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုးရှိသူ (၂)ဦးထပ်မံ တွေ့ရှိခဲ့သဖြင့် စုစုပေါင်းအတည်ပြုလူနာ (၂၄)ဦးအထိရှိပြီဖြစ်ကြောင်း သိရသည်။
Jul 13,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဇွန်လ(၂၈)ရက်နေ့မှ စတင်ကာ ကိုဗစ်-၁၉ အတည်ပြုလူနာများ တွေ့ရှိလျက်ရှိပြီး ယနေ့နံနက်ပိုင်း က ရောဂါပိုးတွေ့ရှိသူ အတည်ပြုလူနာ (၅)ဦး ထပ်မံတွေ့ရှိကြောင်း သိရသည်။