အမြို့မြို့အနယ်နယ်သတင်းများ

Jul 13,2021
မ​ကွေးတိုင်း​ဒေသကြီး၊ ချောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုများကို မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ သွားရောက်ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ပြည့်ပင်ကျေးရွာအုပ်စုသို့ သွားရောက်ပြီး ကွင်းဆင်း ဆောင်ရွက်ပေးကြောင်း တာဝန်ရှိသူ တစ်ဦးကပြောကြားသည်။
Jul 12,2021
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အတွင်း Quarantine Centre များတွင်ထားရှိသည့် နေရာများသို့ ယနေ့ က RDT Test Kit ဖြင့် တာဝန်ရှိသူများက စစ်ဆေးမှုများ ထပ်မံပြုလုပ်ခဲ့ရာ ကိုဗစ်- ၁၉ အတည်ပြုလူနာ ထပ်တိုး(၅)ဦး ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ပြီး စုစုပေါင်း (၇) ဦးထိ ရှိလာကြောင်း ကနဦး သိရသည်။
Jul 12,2021
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လမ်းသွားလမ်းလာပြည်သူများနှင့် စျေးရောင်း၊ စျေးဝယ်ပြည်သူများ အား အသိပညာပေးလက်ကမ်းစာစောင်နှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက်(၈) နာရီက လူစည်ကားရာနေရာများတွင် ဖြန့်ဝေ ဆောင်ရွက်ခဲ့သည်။
Jul 12,2021
မကွေးတိုင်းဒေသကြီး သရက်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ဝင် များသည် မြို့မဈေးတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော အသားငါးဈေးနှင့် ဗိုလ်ချုပ်အားကစားကွင်း အတွင်း ဖွင့်လှစ်ထားသော ယာယီပျံကျဈေးတို့တွင် ဈေးဆိုင်များ စနစ်တကျရောင်းချခြင်းရှိ/ မရှိနှင့် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/ မရှိတို့အား  အသိပညာပေးခြင်း၊ လှည့်လည်စစ်ဆေးခြင်းများ ယနေ့ နံနက် ၇ နာရီက  ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 12,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ပင်ဦးကျေးရွာအခြေခံပညာအလယ်တန်းကျောင်း တွင် ကျောင်းဆောင်သစ်အဆောက်အဦရာနှုန်းပြည့်ဆောက်လုပ်ပြီးစီးပြီဖြစ်၍ မြို့နယ်တည်ဆောက်ရေး ကော်မတီ အဖွဲ့တို့မှ ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
Jul 12,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်လျက်ရှိရာ ယခုနှစ်မိုးစပါးသီးနှံ ဧက ၃၄၀၀၀ ကျော်လျားထား စိုက်ပျိုးမည်ဖြစ်ကြောင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန၊ ဦးစီးမှူးဒေါ်မြင့်မြင့်ရီ ကပြောကြားသည်။
Jul 12,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ပေကုန်းကျေးရွာအုပ်စုတွင် အမျိုးသား လျှပ်စစ်ဓါတ်အား ရရှိရေးစီမံကိန်း (NEP Phase-1 )ဖြင့် ဓနရာဇာကုမ္မဏီက ကျေးရွာမီးရရှိရေးကို ၂၀၂၀ ပြည့်နှစ် မတ်လ ကစတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် လမ်းမီးများ စတင်ရရှိ မည်ဖြစ်သည့်အတွက် လျှပ်စစ်မီးဖွင့်ပွဲကို ယမန်နေ့ညနေ ၅ နာရီက ပေကုန်းကျေးရွာအဝင်တွင် ကျင်းပပြုလုပ်ခဲ့ရာ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်သိန်းလှိုင် နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်လျှပ်စစ်မန်နေဂျာနှင့် ဝန်ထမ်းများ၊ ပေကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာမီးလင်းရေးကော်မတီဝင်များ၊ ကျေးရွာပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
Jul 12,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များနှင့် ပြည်သူများက ကိုဗစ်-၁၉ ကာကွယ် ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူ ပြုကော်မတီသို့ ယနေ့နေ့လယ်(၂)နာရီက ကွန်စွန်းအင်း ကိုယ်ပိုင်အထက်တန်းကျောင်းတွင် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြသည်။