Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မူဆယ်ခရိုင်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ
Jul 13,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ခရိုင်အဆင့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီအစည်းအဝေးကျင်းပရာ ရှမ်းပြည်နယ်(မြောက်ပိုင်း) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှုး ဦးအောင်ချိုဦးမှ မူဆယ်ခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကာလတွင် ရောဂါပိုးတွေ့ရှိသူများနှင့် Contact Persons များပြားလာပါက ကုသရေးလုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် (ICU Room) (Isolation Ward) Community Based Facility Quadrant နေရာများ တိုးချဲ့ကြိုတင်ပြင်ဆင်ထားရှိနိုင်ရေးအတွက် အဖွင့်အမှာစကား ပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်ခမ်းမြို့၌ တည်ဆောက်လျက်ရှိသည့် မိုးလုံလေလုံအားကစားကွင်း အဆောက်အဦးအား (၅၀)ရာခိုင်နှုန်း ပြီးစီးမှုအခြေအနေ ကွင်းဆင်းစစ်ဆေး
Jul 13,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ ရပ်ကွက်(၁၀)၊ မြို့မစျေးအနီး၌ တည်ဆောက်လျက်ရှိသည့် မိုးလုံလေလုံအားကစားကွင်း အဆောက်အဦးအား တည်ဆောက်ပြီးစီးမှု အခြေအနေကို ယနေ့နံနက်ပိုင်း ၁၀ နာရီအချိန် က တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လပွတ္တာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ (၂)ဦးထပ်မံတွေ့ရှိပြီး(၄)ဦး ထပ်မံဆေးရုံဆင်းခွင့်ရ
Jul 13,2021
ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ဇူလိုင်(၁၂)ရက် နေ့ ညနေပိုင်းစစ်ဆေးရာ တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ (၂)ဦးထပ်မံ တွေ့ရှိပြီး(၄)ဦး ဆေးရုံဆင်းခွင့်ရရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ကော်မတီမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့ကရိတ်မြို့၌ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်
Jul 13,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိဘဲ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ကော့ကရိတ်မြို့နယ် ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီနှင့် ပုလဲဖြူ လူမှုကယ်ဆယ်ရေး အသင်းတို့ ပူးပေါင်း၍ ကလိုရင်းဆေးရည် (ပိုးသတ်ဆေး) များကို ယမန်နေ့ ညနေ (၃) နာရီအချိန်က ကော့ကရိတ်မြို့ပေါ်ရပ်ကွက်များတွင် လိုက်လံဆေးဖျန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ(၂)ဦး ထပ်မံတွေ့ရှိ
Jul 13,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၊ ပန်လုံမြို့၊ အမှတ်(၈)ရပ်ကွက်ရှိ လျှပ်စစ် ဝန်ထမ်းအိမ်ရာတွင်နေထိုင်သူ အမျိုးသားတစ်ဦးသည် အနံ့ပျောက်ကြောင်းသိရှိ၍ ဟိုပန်မြို့နယ် ပြည်သူ့ဆေးရုံသို့ လာရောက်ပြီး RDT Test Kit ဖြင့်စစ်ဆေးရာ ကိုဗစ်-၁၉ (Positive) တွေ့ရှိခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Jul 13,2021
ကရင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီခန့် က ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် အရေးပေါ်လူနာများအတွက် အောက်စီဂျင်အိုး များလှူဒါန်း
Jul 13,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ် ငန်းများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသော မင်းလှလူမှုကယ်ဆယ်ရေးအသင်းက ကိုဗစ်-၁၉ ရောဂါ လက္ခဏာခံစား နေရသော အရေးပေါ်လူနာများ အသုံးပြုနိုင်ရန်အတွက် အောက်စီဂျင်အိုးများ အဆင် သင့် ရရှိရေးကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိ လူနာသစ်(၁၀)ဦးထပ်မံတွေ့ရှိ
Jul 13,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူများနှင့် ဆက်စပ်သူ များ၊အနံ့မရခြင်း၊ ဖျားနာခြင်းဖြစ်သူများအား ဖျာပုံခရိုင်ပြည်သူ့ဆေးရုံကြီးနှင့် မြို့နယ်အတွင်း သက်ဆိုင်ရာ ကျေးလက် ကျန်းမာရေးဌာနများတွင် လာရောက်ပြသသူတို့အား (RDT)ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ လူနာသစ်(၁၀)ဦး ထပ်မံ တွေ့ရှိခဲ့ပြီး အဆိုပါ ရောဂါပိုးတွေ့ရှိသူများနှင့် ထိစပ်သူများအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုရှိ Home Base Facility Quarantine အဖြစ်အသွားအလာကန့်သတ် စောင့်ကြည့်ထားကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26146
Page
26147
Page
26148
Page
26149
Current page
26150
Page
26151
Page
26152
Page
26153
Page
26154
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department