နောင်တရား ဇူလိုင် ၁၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၌ ယမန်နေ့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာတစ်ဦး ထပ်မံတွေ့ရှိကြောင်း နောင်တရားမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသည် နောင်တရားမြို့၊ အမှတ်(၂)ရပ်ကွက်တွင် နေထိုင်ပြီး ပင်လောင်းဆေးရုံသို့ သွားရောက်ဆေးစစ်မှုခံယူခဲ့ရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရကြောင်း တွေ့ရှိရသည်။
အဆိုပါ Positive လူနာကို နောင်တရားမြို့ တိုက်နယ်ပြည်သူ့ဆေးရုံ သီးသန့်လူနာဆောင်တွင် ထားရှိပြီး ၎င်းနှင့်ထိတွေ့ခဲ့သည့် အိမ်သားများကို အခြားသူများနှင့် ထိတွေ့မှုမရှိစေရေးအတွက် Stay Home ထားရှိကာ ဆေးစစ်ဆေးမှု ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ပင်လောင်းမြို့နယ်တွင်းတွင် ဇွန်လ ၃၀ ရက်နေ့မှ ဇူလိုင်လ ၁၂ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၇၂ ဦးထိတွေ့ရှိထားပြီး ၁ ဦး သေဆုံးကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)