ထန်းတပင် (ပဲခူး) ဇူလိုင် ၁၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် အောင်သုခရပ်ကွက် ပရဟိတအဖွဲ့မှ ယမန်နေ့ ညနေပိုင်းက ကိုဗစ်- ၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေး ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာ၌ လူအဝင်အထွက်များသည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် ဝန်ထမ်းအိမ်ရာများ၊ အောင်မင်္ဂလာ ရပ်ကွက် မူလွန်ကျောင်း နှင့် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသည့် အောင်သုခရပ်ကွက်အတွင်းရှိ လူနေအိမ်များအား အောင်သုခရပ်ကွက် ပရဟိတအဖွဲ့မှ ပိုးသတ်ဆေး ဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ကျန်ရှိသည့် ရပ်ကွက်များကိုလည်း ဆက်လက်ဆေးဖျန်းပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။