ဒဂုံမြောက် ဇူလိုင် ၁၄
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ကူးစက်မြန်ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် အိမ်ပြင်ထွက်သူတိုင်း ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်စေရန် ရည်ရွယ်၍ အမှတ်(၂၉)ရပ်ကွက် မန္တလေးစျေး (ပျံကျဈေး) တွင် ဇူလိုင် ၁၃ ရက်နေ့ ညနေပိုင်း၌ မြို့နယ်စီမံအုပ်ချုပ်မှုကောင်စီဥက္ကဋ္ဌဦးညီညီအောင်နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ Mask Campaign နှင့် အသိပညာပေးဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။
အဆိုပါ Mask Campaign ဆောင်ရွက်ရာသို့ မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ပါးစပ်နှာခေါင်းစည်း(mask) များပေးခြင်း၊ အသိပညာပေး နိုးဆော်ဆောင်ရွက်ခြင်းတို့အား အမှတ်(၂၉)ရပ်ကွက် မန္တလေးစျေး (ပျံကျဈေး)အတွင်း ဈေးရောင်းသူများ၊ ဈေးဝယ်လာရောက် သူ ပြည်သူများအား အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြင့်မြင့်ရီ