ကလိန်အောင် ဇူလိုင် ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၌ ကိုဗစ်- ၁၉ရောဂါ ကူးစက် ပြန့်ပွားခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို ယမန် နေ့ မနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို ကလိန်အောင်မြို့ အတွင်းရှိ လမ်းများ၊ မြို့မဈေး နှင့် စားသောက်ဆိုင်များ၊ ကျောက်ရှပ်ကျေးရွာနှင့် ဟိန္ဇဲကျေးရွာများတွင် ရေဖြူမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဦးအောင်ဖြိုးခိုင်ဦးဆောင်သော အဖွဲ့ဝင်များ၊ ဖြူစင်မေတ္တာ အရေးပေါ်ကယ်ဆယ်ရေး အသင်း၊ မြို့မိမြို့ဖများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။