ကလိန်အောင် ဇူလိုင် ၁၄
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့၌ ကိုဗစ်- ၁၉ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကရိုရင်း ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို ယမန်နေ့မနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို ကလိန်အောင်မြို့ အတွင်းရှိလမ်းများ၊ မြို့မဈေးနှင့် စားသောက်ဆိုင်များ၊ ကျောက်ရှပ်ကျေးရွာနှင့် ဟိန္ဇဲကျေးရွာများတွင် ရေဖြူမြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ ဦးအောင်ဖြိုးခိုင် ဦးဆောင်သောအဖွဲ့ဝင်များ၊ ဖြူစင်မေတ္တာ အရေးပေါ် ကယ်ဆယ်ရေးအသင်း၊ မြို့မိမြို့ဖများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးမိုးခိုင်