နမ့်စန်(တ) ဇူလိုင် ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး အနေ ဖြင့် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို မြို့မဈေး ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဌာနဆိုင် ရာရုံးများ နှင့်ပြည်သူများအသွားအလာများပြားသည့်နေရာများတွင် လိုအပ်သလိုဆောင်ရွက် လျက်ရှိရာ ယမန်နေ့ ည ၈ နာရီက မြို့နယ်မှတာဝန်ရှိသူများနှင့် လူမှုကူညီရေး အသင်း အဖွဲ့များပူးပေါင်းကာ နမ့်စန်မြို့တွင်းရှိ ပြည်ထောင်စုလမ်းမကြီး တစ်လျှောက် ပိုးသတ်ဆေး များ ပက်ဖျန်းခဲ့ကြောင်း သိရသည်။
ပိုးသတ်ဆေးဖျန်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်နိုင်စိုးက ဦးဆောင်၍ မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်း ကော်မတီမှတာဝန်ရှိသူများ၊ လူမှုကူညီရေးအသင်းအဖွဲ့နှင့် နာရေးကူညီမှု အသင်းအဖွဲ့များ ပူးပေါင်းကာ ခိုလမ်-နမ့်စန်မြို့အဝင်ဘက် အမှတ်(၂)ရပ်ကွက် မြို့ဝင် စစ်ဆေးရေးဂိတ်မှစတင်၍ ပြည်ထောင်စု လမ်းမကြီးတစ်လျှောက် နမ့်စန်-လွိုင်လင်မြို့ အထွက် ဝမ်ပုံကျေးရွာအုပ်စု၊ ထင်းရှူးမြိုင် ကျေးရွာအထိ ပိုးသတ်ဆေးများပက်ဖျန်းခဲ့ ကြောင်းသိရသည်။