သာယာဝတီမြို့နယ်တွင် ပိုးတွေ့လူနာသစ် (၁၂) ဦးရှိပြီး ပိုးတွေ့ရှိသူ (၅၉၄) ဦးရှိ

သာယာဝတီ ဇူလိုင် ၁၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ယမန်နေ့ ညနေ ၄ နာရီထိ ပိုးတွေ့လူနာသစ် (၁၂) ဦးတွေ့ရှိရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူပေါင်း (၅၉၄) ဦးရှိပြီး သေဆုံးသူ (၁၅) ဦးရှိကာ ပိုးတွေ့နှုန်း မြင့်တက်လျက်ရှိကြောင်း သိရသည်။

၎င်းတို့နှင့် ထိတွေ့ခဲ့သူများအား ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအဖြစ် ခရိုင်ပြည်သူ့ဆေးရုံ၊ အ.ထ.က(၁) သာယာဝတီ၊ အ.ထ.က (သုံးဆယ်) တို့တွင် ထားရှိပြီး ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်ပိုးရှိ /မရှိ ဆက်လက် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သာယာဝတီမြို့တွင် ဇွန်လ ၇ ရက်နေ့မှစ၍ သေဆုံးသူ (၁၅) ဦး၊ ဆေးရုံမှ ဆင်းခွင့်ရရှိသူ (၁၄၈) ဦးရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

သန့်ဇော်