အမြို့မြို့အနယ်နယ်သတင်းများ

Jul 16,2021
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ဟိုင်းကြီးကျွန်းမြို့တွင် ဇွန်လမှ စ၍ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ပိုးတွေ့သူများအနက် (၆) ဦးမှာ ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရရှိကြောင်း သိရသည်။
Jul 16,2021
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ရေကြည်မြို့နယ်၊ငါးသိုင်းချောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် ရောဂါကူးဆက်ပျံ့ပွားမှု မရှိစေရေးအတွက် အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ
Jul 16,2021
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီသို့ ကာကွယ်ရေးလုပ်ငန်းများတွင်အသုံးပြုရန် အလှူငွေပေးအပ်ပွဲအခမ်းအနားကိုယနေ့ နံနက် (၁၀) နာရီအချိန်ကစိမ်းလဲ့ရေကြည်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
Jul 16,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရန်၊ ပြည်သူများမြို့နယ်တွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကို သတင်းမှန် သိရှိနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jul 16,2021
မိတ္ထီလာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် လူမှုရေးအဖွဲ့များမှ နှာခေါင်းစည်း (၇၀၀၀)ခုကို ယနေ့ နံနက်က လူစည်ကားရာနေရာများတွင် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရ သည်။
Jul 16,2021
ကရင်ပြည်နယ်၊ မြဝတိခရိုင်၊ ဝေါလေမြိုင်မြို့တွင် ကျောင်းနေအရွယ်ကလေးများ ပညာသင်ကြား နိုင်ရေးလုပ်ငန်းများ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက် မှုလုပ်ငန်းများနှင့် ပတ်သက်၍ တပ်မတော်၏ ဆောင်ရွက်ချက်များကို ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်ရန်အတွက် လက်ကမ်းစာစောင်(၃)မျိုးကို ယနေ့နံနက်ပိုင်းက ရပ်ကွက်အတွင်း သွားရောက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့သည်။
Jul 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ၂၀၂၀ပြည့်နှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင် လက်မှတ် နှင့် အမှတ်စာရင်းများထုတ်ယူလိုပါက မိုင်းဆတ်မြို့ စာတိုက်ရုံးမှတစ်ဆင့် လာရောက်လျှောက်ထား ထုတ်ယူနိုင်ကြောင်းသိရသည်။
Jul 16,2021
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့လာမှုကြောင့် ရောဂါ ကူးစက်ခံရသူလူနာများ အဓိကလိုအပ်လျက်ရှိသည့် အောက်ဆီဂျင်အိုးများကို ဝယ်ယူနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ် ရွှေပေါက်ကံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ အလှူရှင်များက ယမန်နေ့ နံနက်ပိုင်းက အလှူငွေ များ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။