ဝေါလေမြိုင်မြို့၌ အသိပညာပေးလက်ကမ်းစာစောင်(၃)မျိုး ဖြန့်ဝေခြင်းဆောင်ရွက်

ဝေါလေမြိုင် ဇူလိုင် ၁၆

ကရင်ပြည်နယ်၊ မြဝတိခရိုင်၊ ဝေါလေမြိုင်မြို့တွင် ကျောင်းနေအရွယ်ကလေးများ ပညာသင်ကြား နိုင်ရေးလုပ်ငန်းများ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက် မှုလုပ်ငန်းများနှင့် ပတ်သက်၍ တပ်မတော်၏ ဆောင်ရွက်ချက်များကို ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်ရန်အတွက် လက်ကမ်းစာစောင်(၃)မျိုးကို ယနေ့နံနက်ပိုင်းက ရပ်ကွက်အတွင်း သွားရောက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့သည်။

အဆိုပါလက်ကမ်းစာစောင်(၃)မျိုးမှာ အနာဂတ်ကောင်းဖို့ ကျောင်းပြန်တက်ကြစို့၊ ကျန်းမာရေး ဝန်ထမ်းများ၏ CDM လှုပ်ရှားမှုကြောင့် အခက်အခဲဖြစ်နေသော ပြည်သူများအတွက် တပ်မတော်မှ ဆောင်ရွက်ချက်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ စသည်တို့ ဖြစ်ကြပြီး လက်ကမ်းစာစောင်များတွင် လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းနှင့် ဓာတ်ပုံများ၊ အသိပညာ ပေးအချက်အလက်များ၊ ဆောင်ပုဒ်များပါရှိကြောင်း သိရသည်။

နိုင်မျိုးသင်း