မိုင်းဆတ် ဇူလိုင် ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ၂၀၂၀ပြည့်နှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင် လက်မှတ် နှင့် အမှတ်စာရင်းများထုတ်ယူလိုပါက မိုင်းဆတ်မြို့ စာတိုက်ရုံးမှတစ်ဆင့် လာရောက်လျှောက်ထား ထုတ်ယူနိုင်ကြောင်းသိရသည်။
အဆိုပါ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်နှင့် အမှတ်စာရင်းများထုတ်ယူရာတွင် အောင်လက် မှတ် (၁)စောင်လျှင် ၁၆၀၀ကျပ်၊ အမှတ်စာရင်း (၁)စောင်လျှင် ၁၀၀၀ကျပ်နှင့် အောင်လက်မှတ်နှင့် အမှတ်စာရင်း (၂)စောင်ထုတ်ယူပါက ၂၀၀၀ ကျပ်သာ ကျသင့်မှာဖြစ်ပြီး လာရောက်လျှောက်ထား ရာတွင် (၁.၅လက်မ×၂လက်မ)အရွယ် ဓာတ်ပုံ(၃)ပုံနှင့်အတူ ကျောင်းသား/ကျောင်းသူများ၏ အမည်၊ ခုံအမှတ်၊ အောင်မြင်သည့် ခုနှစ်၊ စာစစ်ဌာနအမည်၊ ဖြေဆိုခဲ့သည့်ဘာသာရပ်များအပြင် အခြားသတ်မှတ်ထားသည့် ဖောင်ပုံစံအတိုင်း ဖြည့်စွက်၍ လာရောက်လျှောက်ထားနိုင်ကြောင်း မိုင်းဆတ်စာတိုက်မှသိရသည်။
မြန်မာနိုင်ငံစာစစ်ဌာနက ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်လက်မှတ်နှင့် အမှတ် စာရင်းများကို ယခင်နှစ်များကဲ့သို့ လူကိုယ်တိုင်လာရောက် လျှောက်ထားထုတ်ယူခွင့်မပြုဘဲ ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးနှင့် လူစုလူဝေးမဖြစ်ပေါ် စေရေး အတွက် မြန်မာ့စာတိုက်လုပ်ငန်း၏ မြို့နယ်အလိုက် သက်ဆိုင်ရာစာတိုက်များတွင် ထုတ်ယူခွင့် ပြုခြင်းဖြစ်ကြောင်း သိရသည်။
မြင့်မောင်