အမြို့မြို့အနယ်နယ်သတင်းများ

Jul 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၊ မယ်ဆွမ်တောင်ရပ်ကွက်ရှိ မိုးလုံလေလုံအားကစားရုံအား Quarantine Centre အဖြစ်ပြင်ဆင်ဆောင်ရွက်ရန် ယနေ့နံနက်(၉)နာရီက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
Jul 16,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့အဝင် ပင်လောင်း-ပျဉ်းမနား- လွိုင်ကော်လမ်းခွဲ ရင်းမှီးရပ်ကွက် စုပေါင်းစစ်ဆေးရေးဂိတ်တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု တားဆီးကာကွယ်ရေးလုပ်ငန်းကို နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
Jul 16,2021
ကချင်ပြည်နယ် မိုးညှင်းခရိုင် ကာမိုင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနတွင် ဝန်ထမ်းများ စာဖတ်သည့်အလေ့အထရရှိစေရန်နှင့် လုပ်ငန်းခွင်အတွင်း ကျွမ်းကျင်မှုရှိစေရန် ရည်ရွယ်၍ ဝန်ထမ်းများအား စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းကို ယနေ့နံနက် (၁၀)နာရီခွဲက ကျင်းပခဲ့ကြောင်းသိရသည်။
Jul 16,2021
ရခိုင်ပြည်နယ်၊စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးသန်းထွန်း နှင့် အတွင်းရေးမှူး ဦးစိုင်းသော်ဝင်း တို့သည် သံတွဲမြို့သို့ ယနေ့ နံနက် (၁၁)နာရီ(၁၀)မိနစ်အချိန်တွင်ရောက်ရှိခဲ့ပြီး သံတွဲခရိုင် ပြည်သူ့ ဆေးရုံကြီးတွင်တက်ရောက်ကုသနေသော လူနာများ၏ အခြေအနေ ၊ လိုအပ်ချက်များ ၊Oxygen Plant တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းမှာကြားခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးမြင့်နှင့် သံတွဲခရိုင်ဆရာဝန်ကြီး ဒေါက်တာ ရဲဝင်းထွန်း တို့မှ လိုအပ်ချက်များအား ပြန်လည် ဖြည့်စွက်တင်ပြသည်။
Jul 16,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဌာနမှ ကောင်းမွန်သော တိရစ္ဆာန် မွေးမြူရေး ကျင့်စဉ်သင်တန်းကို ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့နယ် ပန်းယျ ကျေးရွာ ရတနာမဉ္ဇူဘုရား ဓမ္မာရုံ၌ ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။
Jul 16,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်စေ ရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ( ၁၀ )နာရီအချိန်က မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။