ငါးသိုင်းချောင်းမြို့၌ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ငါးသိုင်းချောင်း ဇူလိုင် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ရေကြည်မြို့နယ်၊ငါးသိုင်းချောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် ရောဂါကူးဆက်ပျံ့ပွားမှု မရှိစေရေးအတွက် အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိရာ
ယမန်နေ့ ညနေပိုင်းက ငါးသိုင်းချောင်းမြို့‌ရှိ ဌာနဆိုင်ရာများ၊လူမှု‌ရေးအသင်းအဖွဲ့ဝင်များပါဝင်‌သော ပူးပေါင်းအဖွဲ့က အများပြည်သူဆက်သွယ်သွားလာလျက်ရှိရာ ဗိုလ်ချုပ်လမ်းနှင့်ဘုရားလမ်းဆုံ၊ဗိုလ်ချုပ်လမ်းနှင့် ရွှေတောင်လမ်းဆုံ၊ မြို့အဝင်ကြိုဆိုပါ၏လမ်းဆုံနေရာများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ သက်ဆိုင်ရာ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီတို့က လတ်တလော ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေးလမ်းညွှန်ချက်များကို အများပြည်သူ သိရှိစေရန် အသံချဲ့စက်ယာဉ်ဖြင့် လိုက်လံကြေညာခြင်း၊ နေအိမ်ပြင်ပသို့ထွက်ခွာသည့်အခါ (mask) ပါးစပ်နှင့် နှာခေါင်းစည်းစနစ်တကျတပ်ဆင်သွားလာစေရေးအတွက် အသိ ပညာပေး ဆောင်ရွက်ခြင်း၊ (mask) နှာခေါင်း စည်းများ အခမဲ့ဖြန့်ဝေဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
စိုးမင်းဦး(ပြန်/ဆက်)