ရေကြည် ဇွန် ၁၆
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီသို့ ကာကွယ်ရေးလုပ်ငန်းများတွင်အသုံးပြုရန် အလှူငွေပေးအပ်ပွဲအခမ်းအနားကိုယနေ့ နံနက် (၁၀) နာရီအချိန်ကစိမ်းလဲ့ရေကြည်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသန်းဝင်းက ကိုဗစ်-၁၉ ရောဂါကူးစက်မှုများပြားလာသည့်အတွက်မြို့သူမြို့သားများအနေဖြင့်အထူးသတိပြုနေထိုင်ကြရန် ၊ မြို့နယ်တွင် အောက်စီဂျင်လုံလုံလောက်လောက်ရရှိနိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက် လျက်ရှိ ကြောင်း ၊ ကော်မတီအဖွဲ့ဝင် များအနေဖြင့်ဆောင်ရွက်ရမည့်ကာကွယ်ရေး ဆိုင်ရာလုပ်ငန်းများအား ပူးပေါင်းပါဝင်လုပ်ဆောင်ကြရန် ၊မြို့နယ်အတွင်း ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ဆောင်ရွက်ရမည့်ကိစ္စရပ် အသီးသီးတို့ကိုလည်းဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက်မြို့နယ်အဆင့်ဌာနဆိုင်ရာ(၃၄)ဌာနမှလှူဒါန်းငွေ ( ၃၁၇၀၀၀၀ )ကျပ် ၊ ရပ်/ကျေး(၆၄)အုပ်စုမှလှူဒါန်းငွေ (၄၆၃၆၄၅၀)ကျပ် ၊ လုပ်ငန်းရှင်များမှလှူဒါန်းငွေ (၄၅၀၀၀၀)ကျပ်၊Mask ဖမ်းဆီးရငွေ (၂၄၆၄၀၀) ကျပ် စုစုပေါင်း
အလှူငွေ (၈၅၀၂၈၅၀)ကျပ်ကို ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်ရရှိသော အလှူငွေများအား မြို့နယ် ကိုဗစ် -၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့က လက်ခံပြီး အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။
အောင်သူဟန်