အမြို့မြို့အနယ်နယ်သတင်းများ

Jul 16,2021
တကောင်းမြို့၊ ပြည်သူ့ဆေးရုံတွင် ကိုဗစ်- ၁၉ရောဂါတွေ့ရှိသူနှင့် ထိတွေ့ ဆက်စပ်ခဲ့သူများအား ပထမအကြိမ် RTD Kit ဖြင့် (၁၄)ဦးအား စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာ ( ၆ )ဦးထပ်မံတွေ့ရှိခဲ့ ကြောင်းသိရသည်။
Jul 16,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင်  Facility Quarantine Centre, Hotel Quarantine များ၌ သွားလာမှုကန့်သတ်ထားရှိသူများနှင့် အနံ့ပျောက်၍လာ‌ရောက်ပြသသူများ စုစုပေါင်း (၂၃၂)ဦးကို ယမန်နေ့က  RDT ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိအတည်ပြုလူနာသစ်(၇၃)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်းမြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပတုံ့ ပြန်ရေး ကော်မတီထံမှ သိရသည်။
Jul 16,2021
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင်ပန်းခင်းစီမံချက်ဆိုင်ရာ အသိပညာ ပေး ဆွေးနွေးပွဲ Talk Show ကို ယနေ့မွန်းလွဲ၁နာရီခွဲက မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။
Jul 16,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို၌ ပိုးတွေ့လူနာများအား ကုသနိုင်ရန် အတွက် ဝေါမြို့နယ် ကိုဗစ်-၁၉ ထိန်ချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ သို့ ယနေ့ နံနက် ၁၀ နာရီအချိန်က အလှူငွေများ လှူဒါန်းခဲ့ကြသည်။
Jul 16,2021
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံ အထူးကြပ်မတ်ဆောင်အတွင်း၌ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ(၃) ရက်နေ့မှစ၍ ကိုဗစ်-၁၉ရောဂါ စစ်ဆေးတွေ့ရှိသူ တနင်္သာရီမြို့ ချောင်းကြီးရပ်ကွက် -တိုးချဲ့(၂)လမ်းမှ အသက်(၄၀)နှစ်အရွယ်အမျိုးသမီးတစ်ဦးအား အသွားအလာကန့်သတ်၍  Ficility Quarantine ထားရှိပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများအတိုင်း ကျန်းမာရေး စောင့်ကြပ်ကြည့်ရှုပေး လျက် ရှိရာ ယနေ့ ဇူလိုင်လ ၁၆ ရက် နေ့ နံနက်၁၁နာရီ၃၀အချိန်တွင်ကျန်းမာရေးကောင်းမွန်ပြီး သတ်မှတ်ရက် ပြည့်မြောက်ပြီဖြစ်သဖြင့် ဆေးရုံမှ နေအိမ်သို့ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
Jul 16,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများကို အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း GTI ကိုဗစ် -၁၉ ကုသရေးစင်တာ၊ ပြည်သူ့ဆေးရုံ Isolation Ward၊ အ.ထ. ကခမုံဆိပ်၊ အ.ထ.က ဇီးဖြူကုန်း၊ အ.ထ.ကသာရဝေါ၊ အ.ထ.က မကျီးကွင်း၊ အ.ထ.က ဖိုးခေါင်စု၊ အ.ထ.က(၂)၊ အ.လ.က ကျွန်းကလေးတို့တွင် မြို့နယ်ကျန်းမာရေး ဦးစီးဌာနက ကျန်းမာရေးစောင့် ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ကျန်းမာရေးကောင်းမွန်သူ (၁၇၃)ဦး ဆေးရုံ ဆင်းခွင့်ရရှိကြောင်း သိရသည်။
Jul 16,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနရုံးမှ ဝန်ထမ်း များ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် နိုင်ငံ့ဝန်ထမ်း စည်းမျဉ်းများ ပိုမိုသိရှိစေရန် ရည်ရွယ်၍ Community Centre ခန်းမ၌ ယနေ့ နံနက်(၁၀)နာရီတွင် နိုင်ငံ့ဝန်ထမ်းနည်း ဥပဒေစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပသည်။