မိုးနဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်နိုင် ရေးနှင့် သတင်းမှန်ပြန်ကြားနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မိုးနဲ ဇူလိုင် ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရန်၊ ပြည်သူများမြို့နယ်တွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကို သတင်းမှန် သိရှိနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကိုဗစ်-၁၉ ရောဂါ မြို့နယ်တွင်းကူးစက်ပြန့်ပွားမှုအခြေအနေနှင့် ပတ်သက် ၍ သတင်းမှန် ပြန်ကြားပေးနိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေးလုပ်ငန်း များ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်းတပ်ဆင်ရေး လှုပ်ရှားမှုများ ပူးပေါင်းဆောင်ရွက်ရေး၊ Quarantine Centre တွင်ဝင်ရောက်နေသူများအတွက် လိုက်အပ်ချက်များကို စီစဉ်ဆောင်ရွက်ပေးနိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ မြို့နယ် အတွင်း သတင်းမှန်သိရှိနိုင်ရေးအတွက် Page ဖွဲ့စည်းထူထောင်၍ ၎င်း Page မှတစ်ဆင့် သတင်းမှန်ပြန်ကြားလွှင့်တင်နိုင်ရေး၊ Quarantine Center ဆောင်ရွက်ခြင်း၊ ပိုးတွေ့လူနာ ကုသခြင်း နှင့် Quarantine Center ဝင်ရောက်နေသူများ အခက်အခဲများစွာရှိသဖြင့် စေတနာ ရှင်အလှူရှင်များ ဖိတ်ခေါ်နိုင်ရေးတို့ကို ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာကြသော အဖွဲ့ဝင်များက ပြန်လည်ဆွေးနွေး ခဲ့ကြပြီး လုပ်ငန်းကော်မတီဥက္ကဋ္ဌက ဆွေးနွေးချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ကြောင်းသိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)