အမြို့မြို့အနယ်နယ်သတင်းများ

Jul 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ် ရေးအတွက် Mask ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့နံနက်(၈)နာရီက မြို့လယ်တွင် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Jul 16,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ ယနေ့ နံနက် (၈) နာရီက မြို့လည်ရှိ သဘာဝပုန်းတလုတ်ရေကန်မြောက်ဘက် ၊ မိန်းလမ်းမကြီးပေါ်တွင် ဌာနဆိုင်ရာများ ပါဝင်သည့်ပူးပေါင်းသည့်အဖွဲ့မှ ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှု မရှိစေရေးနှင့် ကြိုတင်ကာကွယ်ရေး နည်းလမ်းများ စနစ်တကျအသုံးပြု လိုက်နာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။
Jul 16,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး တို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမြင့် ဦးဆောင်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ နယ်မြေကျော် ခရီးသွားပြည်သူများအား ခရီးသွားလာခွင့်၊ ကျန်းမာရေးထောက်ခံစာပါ/မပါ စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့အဝင်အထွက်ဂိတ်များ၌ စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
Jul 16,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က အသက်(၈၅)နှစ် အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
Jul 16,2021
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ရောဂါကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ပိုးသတ်ဆေးဖျန်းခြင်းကို ယမန်နေ့ ညနေ (၄)နာရီအချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့မဈေးနှင့် ယာယီပျံကျဈေးတို့၌ ဆောင်ရွက်ခဲ့သည်။
Jul 16,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်အတွင်းရှိ ပရဟိတအဖွဲ့များမှ ယမန်နေ့ ညနေပိုင်းက ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jul 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ရောဂါကူးစက်ပျံ့နှံ့လာခြင်းများမဖြစ်ပေါ်စေရေးအတွက် စစ်ဆေးရေး ဂိတ်များကို ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ မြို့အဝင်/အထွက်စစ်‌ ဆေးရေး ဂိတ်ကြီးများအပြင် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင်လည်း ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ပြီး ဇူလိုင်လ ၁၅ ရက်မှစတင်၍ ရောဂါကာကွယ်ထိန်းချုပ်ရေး အတွက်ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများကို အရှိန်တိုးမြင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည် ။
Jul 16,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ (COVID-19) ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေး ကော်မတီ ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ကော်မတီအဖွဲ့ဝင် တို့သည် ယနေ့ နံနက် ၁၀ နာရီ အချိန်က ခရိုင်အတွင်း Covid-19 ရောဂါ တတိယလှိုင်းဖြစ်ပွါးမှု ကာလတွင် positiveရောဂါပိုးတွေ့ရှိသူများနှင်ထိတွေ့ဆက်စပ်သူ များပြားလာပါက ကုသရေးလုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် လွိုင်လင်မြို့နှင့်ပင်လုံမြို့ရှိ နည်းပညာ တက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့်ပင်လုံတက္ကသိုလ်များတွင် ထားရှိနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမူကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများကို လိုအပ်သည်များ ဖြည့်စွက် မှာကြားခဲ့ကြောင်းသိရသည်။