အမြို့မြို့အနယ်နယ်သတင်းများ

Jul 17,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်း လတ်တလော ကူးစက်မှု မြင့်မားလာသည့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေး အတွက် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များသည် ဌာနမီးငြှိမ်းသတ်ယာဉ်ဖြင့် ဇူလိုင်လ(၁၆)ရက်နေ့ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များ သို့သွားရောက်ကာ အသံချဲ့စက်ဖြင့် ပညာပေးနှိုး ဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Jul 17,2021
ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ ပိုးတွေ့ရှိခဲ့သည့် လူနာများနှင့် ထိတွေ့ ခဲ့သူများ ၊ ဖျားနာ ၊ ချောင်းဆိုး၊ အသက် ရှုကြပ်ပြီး မောင်တော ပြည်သူ့ ဆေးရုံသို့ လာရောက် ပြသခဲ့သူများအား ဇူလိုင် ၁၆ ရက်နေ့တွင် Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ စစ်ဆေးသူများ အနက် မှ (၁၀) ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ် ပြည် သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရ သည်။
Jul 17,2021
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစောမင်းသိန်းအား ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဇူလိုင်လ ၁၄ ရက်နေ့ နေ့လယ် ၁ နာရီအချိန်ခန့်က တွေ့ဆုံမေးမြန်းခြင်းများ ပြုလုပ်ခဲ့သည်။
Jul 17,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ကိုဗစ်-၁၉‌ရောဂါပိုးကူးစက်ခံသူ(၉)ဦး ထပ်မံ တွေ့ရှိခဲ့ ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ယမန်‌နေ့ညနေ သတင်းထုတ်ပြန်ချက် အရ သိရသည်။
Jul 17,2021
မြန်မာတို့၏ ရှေးဆိုရိုးစကားမှာ "လှည်းနှင့်လှေ မပျောက်သရွေ့ ရိုးရာယဉ်ကျေးမှု မပျောက်နိုင်" ဟူသည့် ဆိုရိုးစကားအတိုင်း မြန်မာတို့သည် နွားလှည်းနှင့် လှေများကို ဟောင်းနွမ်း စေကာမူ ပျက်စီးမှု မရှိစေဘဲ မိဘ ဘိုးဘွားများ အသုံးပြုခဲ့ကြသည့် ပစ္စည်းများအဖြစ် တန်ဖိုးထားကာ ပြုပြင်မွမ်းမံ၍သော်လည်းကောင်း၊ အသစ်တဖန် တည်ဆောက်ခြင်းဖြင့်လည်းကောင်း ယနေ့တိုင် တွင်တွင်ကျယ်ကျယ် အသုံးပြုလျက် ရှိကြပြီး ထိုလှည်းနှင့်လှေ န
Jul 17,2021
ကရင်ပြည်နယ် ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာ(၁၆)ဦးအား ကျန်းမာရေးကောင်းမွန်လာပါသဖြင့် ဆေးရုံမှ ဆင်းခွင့်ရရှိကြောင်း သိရသည်။