အမြို့မြို့အနယ်နယ်သတင်းများ

Jul 17,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် ခရီးသွားမည့်သူများ၊ ပိုးတွေ့သူနှင့်ထိတွေ့သူများ၊ ခရီးမှပြန်လာ သူများ၊ အသွားလာကန့်သတ်ထားသော သင်္ဘောသားများအား Rapid Diagnostic Antigen Test Kid( RDT ) စစ်ဆေးချက်အရ လူ(၂၂) ဦး တွင် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိ ခဲ့ကြောင်း ခရိုင်ပြည်သူ့ ကျန်းမာရေးဌာနမှ ဇူလိုင်လ ၁၆ရက်နေ့ ညနေပိုင်းထုတ်ပြန်ချက်အရသိရသည်။
Jul 17,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပေါ် စေရေး အတွက် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန် မပြတ်ဆောင် ရွက် လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် ထားဝယ်-မေတ္တာကားလမ်း အမှတ် (၁/၂)ရပ်ကွက်များတွင် ခရီးသွား ပြည်သူများ နှင့် နေအိမ်ပြင်ပ ထွက်ခွာသွားလာနေသူများအား ပါးစပ်၊ နှာခေါင်းစည်း(Mask) များ တပ်ဆင်ခြင်း ရှိ /မရှိ ရှောင်တခင်စစ်ဆေးခြင်း၊ အ​ရေးယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
Jul 17,2021
မြန်မာထိုင်းနယ်စပ် မြဝတီမြို့၌ ယမန်နေ့ ဇူလိုင်လ ၁၆ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူအသစ် ၃၂ ဦးတွေ့ ရှိပြီး သေဆုံးသူ ၃ ဦး ရှိကြောင်းသိရသည်။
Jul 17,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ဇူလိုင်လ ၁၆ ရက်နေ့က သီတဂူမျက်စိ ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးလိုသူ (၃၃)ဦးအား RDT Tast Kit ဖြင့်ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ (၂၃)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်းသိရသည်။
Jul 17,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ကိုဗစ် - ၁၉ရောဂါ ပိုးတွေ့လူနာများ ဆေးကုသပေးနေမှု အခြေအနေများအား ခရိုင်ပြည်သူ့ဆေးရုံတာဝန်ခံ သူနာပြုဆရာမကြီး ဒေါ်လှလှသီက ယခု လိုပြောပြခဲ့ ပါသည်။
Jul 17,2021
ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဒေသခံ တိုင်းရင်းသာပြည်သူများ နှာခေါင်းစည်းကို စနစ်တကျတပ်ဆင် အသုံးပြုသွားလာကြစေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ ဆီဆိုင်မြို့၌ ယနေ့ နံနက် ၈ နာရီခန့်က ကိုဗစ်-၁၉ရောဂါကာကွယ်ရေး နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေ ပေးခြင်းနှင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။