မြင်းမူ ဇူလိုင် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်း လတ်တလော ကူးစက်မှု မြင့်မားလာသည့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေး အတွက် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များသည် ဌာနမီးငြှိမ်းသတ်ယာဉ်ဖြင့် ဇူလိုင်လ(၁၆)ရက်နေ့ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များ သို့သွားရောက်ကာ အသံချဲ့စက်ဖြင့် ပညာပေးနှိုး ဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အသိပညာပေး ဆော်ဩရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကာကွယ်ရေးအတွက် လိုက်နာ ဆောင်ရွက်ရမည့်အချက်များဖြစ်သည့် ကိုဗစ်ရောဂါ လက္ခဏာခံစားနေရသူများနှင့် အနီးကပ် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ရန်၊ လက်ကိုမကြာခဏ ဆပ်ပြာဖြင့်စနစ် တကျဆေးကြောရန်၊ မလိုအပ်ဘဲ အပြင်သို့မထွက်ရန်၊ မဖြစ်မနေထွက်ပါက ပါးစပ်နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ရန်၊ လူစုလူဝေးမပြုလုပ်ရန်၊ အိမ်အပြင်သို့ထွက်လေ့ရှိသူများအနေဖြင့် အိမ်ရှိ အသက်(၆၀) နှစ်အထက် အသက်အရွယ်ကြီးရင့်သူများ ဆီးချို၊ သွေးချို၊ နှလုံးစသည့် နာတာရှည် ရောဂါအခံရှိသူများနှင့် အနီးကပ်နေထိုင်ခြင်း၊ အတူစားသောက်ခြင်းများမပြုလုပ်ရန် ကိုဗစ် ရောဂါသံသယလက္ခဏာများ ပေါ်ပေါက်လာပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ချက်ချင်း ဆက်သွယ်၍ စောစီးစွာကုသမှု ခံယူရန်၊ သတ်မှတ်စည်းကမ်းချက်များကို တိကျစွာ လိုက်နာရန်နှင့် ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို လိုက်နာခြင်း မရှိပါက တည်ဆဲ ဥပဒေများအရ အရေးယူ ဆောင်ရွက်သွားမည်ကြောင်း အသိပေးနိုးဆော်လျက်ရှိကြောင်း သိရှိရ သည်။
အောင်စိုးဖေ(မြင်းမူ)