လှိုင်းဘွဲ ဇူလိုင် ၁၇
ကရင်ပြည်နယ် ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာ(၁၆)ဦးအား ကျန်းမာရေးကောင်းမွန်လာပါသဖြင့် ဆေးရုံမှ ဆင်းခွင့်ရရှိကြောင်း သိရသည်။
အဆိုပါ ဆေးရုံမှ ဆင့်းခွင့်ရရှိသူ(၁၆)ဦးမှာ လှိုင်းဘွဲမြို့(ဃ)ရပ်ကွက်နေ မ(-)(၂၂)နှစ်၊ လှိုင်းဘွဲမြို့(ခ)ရပ်ကွက်၊ အာဇာနည်လမ်းနေ ဒေါ်(-) (၄၅)နှစ်၊ လှိုင်းဘွဲမြို့ ဦး(-)(၅၀)နှစ်၊ လှိုင်းဘွဲမြို့ (က)ရပ်ကွက် ကံ့ကော်လမ်းနေ နန်း(-)(၂၆)နှစ်၊ ရွှေဂွန်းကျေးရွာ၊ ရွာသစ် ရပ်ကွက်နေ ဒေါ်(-)(၃၈)နှစ်၊ မ(-)(၄)နှစ် နှင့်ဦး(-)(၃၉)နှစ်၊ မြိုင်ကြီးငူအထူးဒေသ၊ မာလာမြိုင်ရပ်ကွက်နေ စော(-)(၂၆)နှစ်နှင့်ဦး(-)(၄၅)နှစ် နောင်တိုင်ကျေးရွာအုပ်စု၊ မဲဆမိတ်ကျေးရွာနေ မ(-)(၂၂)နှစ်၊ ရွှေဂွန်းကျေးရွာနေ ဦး(-)(၂၆)နှစ်၊ မြိုင်ကြီးငူအထူးဒေနေ ဦး(-)(၄၈)နှစ်၊ ရွှေဂွန်းကျေးရွာနေ ဒေါ်(-)(၇၆)နှစ်၊ လှိုင်းဘွဲမြို့နေ မ(၃)ဦးတို့သည် ကျန်းမာရေးကောင်မွန်းလာပါသဖြင့် ဆေးရုံမှ ဆင်းခွင့်ရရှိကြောင်း သိရှိရသည်။