ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၁၀)ဦး ထပ်မံတွေ့ရှိပြီး ၊ ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများ အနက် (၁၄)ဦးဆေးရုံဆင်းခွင့်ရ

မောင်တော      ဇူလိုင်  ၁၇

 

ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌    ပိုးတွေ့ရှိခဲ့သည့်   လူနာများနှင့်  ထိတွေ့ ခဲ့သူများ ၊   ဖျားနာ ၊ ချောင်းဆိုး၊ အသက် ရှုကြပ်ပြီး မောင်တော ပြည်သူ့ ဆေးရုံသို့ လာရောက် ပြသခဲ့သူများအား  ဇူလိုင် ၁၆ ရက်နေ့တွင် Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ  စစ်ဆေးသူများ အနက် မှ (၁၀) ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ် ပြည် သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရ သည်။    

 

အဆိုပါ ပိုးတွေ့ လူနာများသည် မောင်တောမြို့ပြည်သူ့ဆေးရုံ နှင့် ယာယီဆေးရုံငယ်တို့ရှိ ကိုဗစ်-၁၉ အတည်ပြု သီးသန့် ဆောင် တို့တွင် ကျန်းမာရေး စောင့် ရှောက်မှု ခံယူလျက်ရှိပြီး  ဇူလိုင် ၁၆ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါ အတည် ပြုလူနာများအနက် (၁၄)ဦး ဆေးရုံဆင်းခွင့်ရရှိခဲ့ကြောင်းသိရသည်။

 

ယခုအခါ မောင်တောမြို့၌ ၂၀၂၁ ခုနှစ် ဇွန် ၁၀ ရက် နေ့ မှ ဇူလိုင် ၁၆ ရက်နေ့ ညနေပိုင်းထိ ကိုဗစ် အ တည် ပြုလူနာ စုစုပေါင်း (၃၄၇)ဦး ရှိရာ ကိုဗစ်-၁၉ ဓါတ်ခွဲ အတည်ပြု လူနာများအနက် (၂၆၆)ဦးမှာ ကျန်းမာရေး နှင့် အား ကစား ဝန်ကြီး ဌာန၏ သတ်မှတ် စည်းကမ်းချက်များ နှင့် အညီ ရက်ပြည့် မြောက်ပြီး ရောဂါ လက္ခဏာ ထပ်မံပြသမှု မရှိ သဖြင့် ဆေးရုံ ဆင်းခွင့်ပြုခဲ့ပြီး သေဆုံးသူ (၅)ဦးရှိကြောင်း နှင့် လက်ရှိ မောင်တောမြို့၌ ဆေးကုသမှုခံ ယူနေသူ (၇၆) ဦးရှိ ကြောင်း မြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ တာဝန် ရှိသူ တစ်ဦး ထံမှ သိရ သည်။   

 

သက်လွင်စိုး