ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့မဈေးကြီး ၊ သားငါးဈေးနှင့် ယာယီကုသရေးဆောင် တို့တွင် ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်

မောင်တော     ဇူလိုင်   ၁၇

 

ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ ကူးစက် ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ယမန်နေ့ နေ့လယ် ၂ နာရီ အချိန် က မြို့မဈေးကြီး၊ သားငါးဈေး နှင့် ယာယီကုသရေးဆောင်တို့တွင် ပိုးသတ်ဆေးဖျန်းများအား ဆောင် ရွက် ခဲ့ကြကြောင်းသိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံထွန်းအောင် ၊ ခရိုင် မီးသတ်ဦးစီးမှူး လက် ထောက် ညွန်ကြားရေးမှူး ဦးသန့်စင်၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ တာဝန်ခံအင်ဂျင်နီယာ ဦးအောင်လွင်ဌေး၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဒုတိယဦးစီးမှူး ဈေးတာဝန်ခံ ဒေါ်ဥမ္မာစော၊  မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်းပါဝင်၍  ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ် ရေး အတွက် မြို့မအနောက်ရပ်ကွက်၊ မဟာဗန္ဒုလလမ်းရှိ မြို့မဈေးကြီး ၊ မြို့မအရှေ့ ရပ်ကွက် သားငါးဈေးရှိ ဆိုင်ခန်းများ၊ ဈေးအတွင်း/ အပြင် နေရာများ နှင့် ယာယီကုသရေးဆောင်တို့တွင် ပိုးသတ်ဆေး များ ဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

 

သက်လွင်စိုး