အမြို့မြို့အနယ်နယ်သတင်းများ

Jul 16,2021
လားရှိုးမြို့၌ ကိုဗစ်-၁၉ အတည်ပြုလူနာများအား လားရှိုးမြို့ပြည်သူ့ဆေးရုံကြီး စောင့်ကြည့်ကုသရေးအဆောင်များ သာမက ပြည်ထောင်စုအားကစားကွင်း မိုးလုံလေလုံခန်းမ စောင့်ကြည့်ကုသရေးအဆောင်၊ ပညာရေးကောလိပ် စောင့်ကြည့်ကုသရေး အဆောင်များကို ထပ်မံဖွင့်လှစ် စောင့်ကြည့်ကုသပေးလျက် ရှိသည်။
Jul 16,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကုသရေး၌ လိုအပ်သော အောက်စီဂျင်ထုတ်လုပ်သည့်စက် ၁ လုံး တပ်ဆင်ရာတွင် အသုံးပြုနိုင်ရေး အတွက် အမှတ် (၁)ရပ်ကွက်နေ ဦးကေဒါန်နတ်(ခ) ဦးစိုးဝင်း+ဒေါ်ရေခါးဒေဝီ( ရွှေနှင်းဆီ ကားပစ္စည်းရောင်းဝယ်ရေး မိသားစု) မှ ငွေကျပ် သိန်း ၅၀ အား ယနေ့ နံနက် ၁၁ နာရီက မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီသို့ လာရောက် လှူဒါန်းခဲ့ကြောင်းသိရသည်။
Jul 16,2021
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာ ရေးနှစ် ငွေလုံးငွေရင်း (မူလ) ရန်ပုံငွေဖြင့် ဆောင်ရွက်သော ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးမှုကိုယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
Jul 16,2021
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့ဆက် စပ်သူများ၊ ဖျားနာခြင်း၊ အသက်ရှုကြပ်ပြီး၊ ချောင်းဆိုးခြင်း တို့ကြောင့် နွားထိုးကြီးမြို့၊ပြည်ဆေးရုံသို့ လာရောက်၍ (RDT ) ဖြင့် ယမန်နေ့ ညနေပိုင်းတွင်လာရောက်စစ်ဆေးရာ ကိုဗစ်- ၁၉ ရောဂါပိုး ထပ်မံ တွေ့ရှိကြောင်းသိရသည်။
Jul 16,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အလှူငွေပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီခွဲ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင် ကျင်းပသည်။
Jul 16,2021
ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းတွင် လိုအပ်လျက်ရှိသော အောက်စီဂျင်စက်ရုံ (Oxygen Plant) ဖြစ်မြောက်ရေးအတွက် ဘားအံမြို့သူ၊မြို့သား စေတနာရှင်ပြည်သူများက ဝိုင်းဝန်းပူးပေါင်း လှူဒါန်းထားသည့် အလှူငွေများ ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
Jul 16,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ တစ်ကြိမ်တစ်ခါမှ ကာကွယ်ဆေး မထိုးနှံရသေးသူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက်ပိုင်းက မော်လိုက်မြို့၊ မြို့တော် ခန်းမတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။