ဝါးခယ်မမြို့၌ ကိုဗစ်-၁၉ ရောဂါ ပိုးကူးစက်ခံရသူ (၉)ဦး ထပ်မံတွေ့ရှိ

ဝါးခယ်မ  ဇူလိုင်  ၁၇

 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ကိုဗစ်-၁၉‌ရောဂါပိုးကူးစက်ခံသူ(၉)ဦး ထပ်မံ တွေ့ရှိခဲ့ ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန၏  ယမန်‌နေ့ညနေ သတင်းထုတ်ပြန်ချက် အရ သိရသည်။

 

ပိုးတွေ့ လူနာများမှာ မြို့ပေါ် ရပ်ကွက်မှ(၆)ဦး၊ ကျေးရွာများမှ(၃)ဦး စုစုပေါင်း (၉)ဦးဖြစ်ပြီး ပိုးတွေ့လူနာများအား ဝါးခယ်မမြို့ ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးစောင့် ရှောက်ကုသပေးလျက်ရှိသည်။ ဝါးခယ်မမြို့နယ် အတွင်းပိုး တွေ့လူနာ ရဟန်း(၃)ပါး၊ ကျား(၄၈)ဦး၊ မ(၆၃)ဦး၊ စုစုပေါင်း(၁၁၄)ဦး ရှိပြီဖြစ်ပြီး ဆေးရုံဆင်းခွင့် ရသူ ကျား (၂၅)၊ မ(၂၆)၊ ပေါင်း(၅၁)ဦး၊ ကုသမှုခံယူဆဲလူနာ ရဟန်း(၂)ပါး၊ ကျား(၂၀)ဦး၊ မ(၃၂)ဦး၊ ပေါင်း(၅၄)ဦး၊ သေဆုံးလူနာ ရဟန်း(၁)ပါး၊ ကျား(၃)ဦး၊ မ(၅)ဦး၊ ပေါင်း(၉)ဦးဖြစ်ကြောင်း သိရှိရပါသည်။

 

စောသန္တာဦး