ဘူးသီးတောင် ဇူလိုင် ၁၇
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစောမင်းသိန်းအား ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဇူလိုင်လ ၁၄ ရက်နေ့ နေ့လယ် ၁ နာရီအချိန်ခန့်က တွေ့ဆုံမေးမြန်းခြင်းများ ပြုလုပ်ခဲ့သည်။
ထိုသို့ မေးမြန်းရာတွင် ပြည်သူတွေအနေဖြင့် ကိုဗစ် ရောဂါ သံသယလက္ခဏာတွေ့ရှိလာလျှင်ဆက်သွယ် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ သံသယလူနာ များကိုရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးနေမှု အခြေအနေ Quarantine center များစီစဉ်ထားရှိမှုအခြေအနေ၊ ရောဂါပိုးရှိသူနှင့် Contact ဖြစ်ခဲ့ပါက နေထိုင်သင့် သည့် အခြေအနေ၊ မြို့နယ်အတွင်း အသိပညာပေးခြင်းများ ဆောင်ရွက်နေမှု အခြေအနေ၊ လက်ရှိ ပိုးတွေ့လူနာများ အခြေအနေများကို မြို့နယ်ပြန်/ဆက်ဦးစီးမှူးဒေါ်ဖြူဖြူဝင်းက မေးမြန်းရာ ဒေါက်တာ စောမင်းသိန်းက မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုအခြေအနေများ၊ ကျန်းမာရေး ဆောင်ရွက်ထားရှိမှုများ၊ အသိပညာပေး လုပ်ငန်း ဆောင်ရွက်ထားရှိမှုများကို ပြည့်ပြည့်စုံစုံ ပြန်လည် ဖြေကြားခဲ့သည်။
ဘူးသီးတောင်မြို့နယ်တွင် ပိုးတွေ့လူနာ (၇၆)ဦး၊ ဆေးရုံဆင်းခွင့်ရသူ (၅၀) ဦး၊ ဆေးရုံတင် ရောက်ကုသနေသူ (၂၆ )ဦးထဲမှ အောက်ဆီဂျင်ပေးထားရသူ(၁ )ဦးရှိကြောင်း သိရသည်။
ဖြူဖြူဝင်း