ခန္တီး ဇူလိုင် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ဇူလိုင်လ ၁၆ ရက်နေ့က သီတဂူမျက်စိ ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးလိုသူ (၃၃)ဦးအား RDT Tast Kit ဖြင့်ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ (၂၃)ဦး တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်းသိရသည်။
ခန္တီးမြို့တွင်ပြီးခဲ့သည့် ဇွန်လ ၃၀ရက်နေ့မှစ၍ ကိုဗစ်-၁၉အတည်ပြု လူနာ စတင်တွေ့ရှိခဲ့ရာ ဇူလိုင်လ ၁၆ရက် နေ့အထိ ကိုဗစ်-၁၉အတည်ပြုလူနာ စုစုပေါင်း(၇၇)တွေ့ရှိခဲ့ပြီးသက်သာပျောက် ကင်း၍ဆေးရုံမှ ဆင်းခွင့်ရသူ (၂၅)ဦး ရှိပြီဖြစ်သည်။ လက်ရှိအချိန်တွင် ခန္တီးပြည်သူ့ဆေးရုံရှိ သီးခြား သတ်မှတ်ထားသည့် နေရာ တွင် ကိုဗစ်-၁၉အတည်ပြုလူနာ (၅၂)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
ဒီဇိုင်း(ရတနာမြေ)