မေတ္တာမြို့တွင် ​နေအိမ်ပြင်ပထွက်တိုင်း ပါးစပ်၊ နှာခေါင်းစည်း(Mask)များ တပ်ဆင်ခြင်းရှိ/မရှိ ရှောင်တခင် စစ်ဆေးနှင့် အရေးယူခြင်း ​ဆောင်ရွက်

မေတ္တာ ဇူလိုင် ၁၇

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပေါ် စေရေး အတွက် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန် မပြတ်ဆောင် ရွက် လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် ထားဝယ်-မေတ္တာကားလမ်း အမှတ် (၁/၂)ရပ်ကွက်များတွင် ခရီးသွား ပြည်သူများ နှင့် နေအိမ်ပြင်ပ ထွက်ခွာသွားလာနေသူများအား ပါးစပ်၊ နှာခေါင်းစည်း(Mask) များ တပ်ဆင်ခြင်း ရှိ /မရှိ ရှောင်တခင်စစ်ဆေးခြင်း၊ အ​ရေးယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

 

ထိုသို့ဆောင်ရွက်ရာတွင်  မေတ္တာမြို့ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးသူရထွန်းဦးဆောင်သော ပူးပေါင်းအဖွဲ့ကပါးစပ်၊နှာ​ခေါင်းစည်း (Mask) တပ်ဆင်ခြင်းရှိ၊ မရှိ စစ်​ဆေးခြင်းနှင့် ပါးစပ်၊ နှာ​ခေါင်းစည်း( Mask) တပ်ဆင်သွား လာခြင်းမရှိသည့်ခရီးသွား ပြည်သူများအား ယခုဝယ် ယခုတပ်အရေးယူခြင်း တို့ကို ဆောင်ရွက်ခဲ့ သည်။

 

မေတ္တာမြို့တွင် ယနေ့အထိ ကိုဗစ်-၁၉ရောဂါကူးစက်ခံရသူမရှိသေးကြောင်း မြို့အုပ်ချုပ်ရေးမှူးထံမှ သိရသည်။