အမြို့မြို့အနယ်နယ်သတင်းများ

Jul 22,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို၌ပိုးတွေ့လူနာများအား ကုသနိုင်ရန်အတွက် ဝေါမြို့နယ် (COVID -19) ထိန်ချုပ်ရေးနှင့် အရေးပေါ်တုန်ပြန်ရေးကော်မတီသို့ အလှူရှင်များမှ အောက်စီဂျင် စက်တည်ဆောက်နိုင်ရေးအတွက် အလှူငွေများ ပေးအပ် လှူဒါန်းပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
Jul 22,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်မှ ကိုဗစ်-၁၉ကူးစက်မြန်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် တရုတ်နိုင်ငံမှဝယ်ယူတင်သွင်းသည့် ကျန်းမာရေး အထောက် အကူပြုပစ္စည်းများ ဝင်ရောက်လျက်ရှိရာ ယနေ့နေ့လည်(၁၂)နာရီအချိန်က အောက်ဆီဂျင်အိုး အလွတ်(၁၅၂၉)လုံး နှင့် အခြားကျန်းမာရေးအထောက်အကူပစ္စည်းများဖြစ်သည့် အိမ်သုံး အောက်ဆီဂျင် စက် (Oxygen Concentrator)(၁၀၅၉)ခု၊ နှာခေါင်းစည်း (Mask)(၆၉၁၆)ဖာ၊ တရုတ်နိုင်ငံထုတ် “Lianhua Qingwen Capsules”စာတန်းပါ ဆေးဖာ (၁)ဖာလျှင်(၄၀၀)ဗူးပါသည့် (၃၀၀)ဖာနှင့် ဆက်စပ် ဆေးပစ္စည်း(၂၉၈)ဖာများ တင်ဆောင်လာသည့်မော်တော်ယာဉ်များထပ်မံ ဝင်ရောက်လာခဲ့ကြောင်း သိရသည်။
Jul 22,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် နယ်စပ်ဒေသ မိုင်းယုမြို့ တာကြန့်ကျေးရွာ အုပ်စု နမ့်ကုတ်ကျေးရွာအနီး မိုင်းယောင်း-မိုင်းယုကားလမ်းမပေါ်ရှိ ရေတိုက်စားမှုကြောင့် ပြိုကျခဲ့သည့် ကွန်ကရစ်တံတားအမှတ် ၁/၂၀ တံတားအား ပြည်သူများ အမြန်ယာယီသွားလာနိုင်ရန် ယနေ့အထိ ပြုပြင်နေလျက် ရှိကြသည်။
Jul 22,2021

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအား အသံချဲ့စက်ဖြင့်အသိပညာပေးလှည့်လည်နှိုးဆောင်ခြင်းကို မြို့ပေါ်ရပ်ကွက်များရှိ လူအသွားအလာများသည့် လမ်းဆုံလမ်းခွများတွင် ယမန်နေ့ ည ၇ နာရီမှ စတင်၍ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဝင်များမှ အသံချဲ့စက်များဖြင့် လိုက်လံအသိပေးနိုးဆော်ခဲ့သည်။

Jul 22,2021
မောင်တောခရိုင်၊ ဘူးသီးတောင်မြိုနယ်တွင်ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ညွှန်ကြားချက်များအား ပြည်သူများမှ တိတိကျကျ လိုက်နာဆောင်ရွက်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက် ပေးကြရန် အသိပညာ ပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်ကပြန်ကြားရေးနှင့်မြို့နယ် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍မြို့ပေါ်ရပ်ကွက်များသို့လှည်လည်ကြော်ငြာခဲ့ကြောင်းသိရသည်။
Jul 22,2021
ကရင်ပြည်နယ် ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် လတ်တလော ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း၌ ကိုဗစ်-၁၉ ရောဂါလူနာများနှင့် အောက်ဆီဂျင်အသုံးပြုနေရသူများ၊ အောက်ဆီဂျင် လိုအပ်ချက်များပြားလာသဖြင့် အရေးပေါ်လွယ်ကူအဆင်ပြေစွာ ရရှိအသုံးပြုနိုင်ရန်အတွက် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ 40L အောက်ဆီဂျင်အိုး(၂၅)လုံးအား လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။