ဝေါမြို့နယ်တွင် အောင်စီဂျင်စက်တည်ဆောက်နိုင်ရေးအတွက် အလှူငွေများ ပေးအပ် လှူဒါန်း

ဝေါ ဇူလိုင် ၂၂

 

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို၌ပိုးတွေ့လူနာများအား ကုသနိုင်ရန်အတွက် ဝေါမြို့နယ် (COVID -19) ထိန်ချုပ်ရေးနှင့် အရေးပေါ်တုန်ပြန်ရေးကော်မတီသို့ အလှူရှင်များမှ အောက်စီဂျင် စက်တည်ဆောက်နိုင်ရေးအတွက် အလှူငွေများ ပေးအပ် လှူဒါန်းပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

 အလှူရှင်များက မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အောင်စီဂျင်စက်တည်ဆောက်နိုင်ရေးအတွက် ဦးဘူးစိ နှင့် သားများပဲမျိုးစုံရောင်းဝယ်ရေးမှ ၁၀၀ကျပ်သိန်း၊ ဦးခင် +ဒေါ်တင်အုန်း ပဲမျိုးစုံရောင်းဝယ်ရေးမှ ၁၀၀ ကျပ်သိန်း ၊ဝေါမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းမော် မိသားစုမှ ၅ သိန်းကျပ် ၊မြို့နယ်ထွေအုပ်မိသားစုမှ ၄ သိန်းကျပ် ၊မြို့နယ်သမဝါယမ ဦးစီးဌာနမိသားစုမှ ၁၀ သိန်းကျပ် ၊မြို့နယ်လဝက မိသားစုမှ ၃ သိန်းကျပ် ၊လမ်းဦးစီးဌာန(AE) ဒေါ်ခိုင်စမ်းမြင့် မှ ၅ သိန်းကျပ် ၊ဒေါ်ချိုချိုသက် (စီမံကိန်းမိသားစု) ၁ သိန်းကျပ် ၊ဦးဇော်မင်း + ဒေါ်မို့မို့ခိုင် ညွှန်ကြားရေးမှူး လေကြောင်းဦးစီးဌာနမှ ၁ သိန်းကျပ် ၊ဒေါ်စန်းစန်းဌေး (AE) ကျေးလက်လမ်းဦးစီးဌာနမှ ၁ သိန်းကျပ် ၊မြို့နယ်မီးသတ်ဦးစီးဌာန မိသားစုမှ ၁သိန်း၄သောင်းကျပ် ၊၂၄နာရီဆေးစတိုး ဆေးရုံရှေ့ဝေါ ၁ သိန်းကျပ်၊ ညောင်ခါးရှည်ကျေးရွာ ၂၀ သိန်းကျပ် ၊သပြေကန်ကျေးရွာ ၇သိန်းကျပ် ၊ဘိုးစပယ်ကျေးရွာ ၅သိန်းကျပ် ၊ရှမ်းကိုင်းကျေးရွာ ၅ သိန်းကျပ် ၊တောကြီးကျေးရွာ ၅သိန်းကျပ် ၊ဝင်းကဒတ် ကျေးရွာ ၅ သိန်းကျပ်၊ ဖိုးပြန်ကျေးရွာ ၅ သိန်ကျပ် ၊ဇီးဖြူကုန်းကျေးရွာ ၅ သိန်းကျပ် ၊မှုံကတုံးကျေးရွာ ၅ သိန်းကျပ် ၊ဝိုင်းပတ်ကျေးရွာ ၃ သိန်းကျပ် ၊ဖိုးဦးစိန်ကျေးရွာ ၃ သိန်းကျပ် တို့အား အရှင်များကပေးအပ်လှူဒါန်းရာ အလှူငွေ စုစုပေါင်း (၃၀၀)သိန်းသောင်းကျပ်တိတိ ပေးအပ်လှူဒါန်းရာ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမော်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ ကြောင်း သိရသည်။

 

အဆိုပါ အောက်စီဂျင်စက်သည် ပိုးတွေ့လူနာများအား ကုသနိုင်ရန်အတွက် ဝေါမြို့နယ်၏ လိုအပ်ချက်အရ တစ်ရက်လျှင် 40 Liter အိုး (၈၀)/(၁၀၀)ခန့် ထွက်ရှိသည့် အောက်စီဂျင်စက် တစ်လုံး တည်ဆောက်ပါက လုံလောက်မှုရှိပြီး ငွေကျပ် သိန်း(၈၀၀)နှင့် (၁၀၀၀)ကြား ကုန်ကျမည်ဖြစ် ကြောင်းသိရသည်။

 

အောင်မြတ်လင်း