ကျောက်မဲခရိုင် COVID-19-ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ နောင်ချို မြို့နယ် COVID-19 ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အောက်ဆီဂျင်ဘူး နှင့် အလှူငွေများပေးအပ်

နောင်ချို ဇူလိုင် ၂၂ ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ နောင်ချိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်း အဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျောက်မဲခရိုင် COVID-19-ရောဂါ ထိန်းချုပ်ရေး နှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီနှင့်နောင်ချိုမြို့ COVID-19-ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီတို့ တွေ့ဆုံကာ အောက်ဆီဂျင်ဘူးနှင့် အလှူငွေများပေး အပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ ခရိုင် COVID-19 ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌ၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်မှ လမ်းညွှန်အမှာစကားပြောကြားရာတွင် ကော်မတီများမှ COVID-19-ရောဂါ စစ်ဆေးမှု အခြေအနေအား ပြည်သူများသို့ အသိပေးသွားရန်နှင့် အသံချဲ့စက်ဖြင့် နေ့စဉ်လှည့် လည်ရန်၊ စည်းကမ်းလိုက်နာမှု မရှိသူများကို ဒဏ်ရိုက်ရန် စသည်ဖြင့် လမ်းညွှန်အမှာစကားပြောကြားခဲ့ သည်။ ၎င်းနောက် ခရိုင်ဆရာဝန်ကြီးဒေါက်တာကျော်မိုးထွန်းမှ နောင်ချိုမြို့နယ်အား Stay at Home သတ်မှတ်ထားခြင်းဖြစ်၍ ကိုဗစ်-၁၉ ပိုးတွေ့ တစ်ယောက် တွေ့ပါက အဆိုပါထိတွေ့မှုမှ မိသားစုတွင်း ရောဂါထပ်မံကူးစက်မှုမဖြစ်ပွားစေရေး ကန့်သတ် ထားရှိရန် လိုအပ်ကြောင်း၊ ထိတွေ့မှုများ လျော့ချနိုင်မှသာ ကိုဗစ်ရောဂါ ဖြစ်ပွားမှု လျော့နည်းနိုင်မည်ဖြစ်ကြောင်း စသည်ဖြင့် ဆွေးနွေးတင်ပြ ခဲ့ကြောင်း သိရသည်။ ဆက်လက်၍ မြို့နယ် COVID-19 ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကြည်တိုးက နောင်ချိုမြို့နယ်၌ ရောဂါပိုးတွေ့ရှိမှု ၊ကုသမှု ၊ ဆောင်ရွက် ထားရှိမှုအခြေအနေများကို တင်ပြခဲ့ပြီးနောက် ပြည်နယ်ဒုတိယအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ လှူဒါန်းသော အောက်ဆီဂျင် (၄၀) လီတာဘူး (၁၀)ဘူး နှင့် မြို့နယ် ကျန်းမာရေးဝန်ထမ်းများအတွက် ငွေကျပ် (၁၀) သိန်းတို့ကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်မှ ပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ ကြောင်း သိရသည်။ ထွေးငယ်